Trending Now

ဟောလိဝုဒ် သရုပ်ဆောင် ၁၆၀၀၀၀ ကျော်ပါဝင်တဲ့ သပိတ်မှောက်မှုစတင်

Spread the love

ဟောလိဝုဒ် သရုပ်ဆောင် ၁၆၀၀၀၀ ကျော်ပါဝင်တဲ့ သပိတ်မှောက်မှုစတင်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၄

အမေရိကန်မှာ ကမ္ဘာကျော် သရုပ်ဆောင်တွေအပါအဝင် ဟောလိဝုဒ် သရုပ်ဆောင် ၁၆၀၀၀၀ ကျော်ပါဝင်တဲ့ ဆန္ဒပြမှုတစ်ခုကို ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းက စတင်ခဲ့ပါတယ်။

သရုပ်ဆောင်တွေ အကျိုးအမြတ် မျှမျှတတရရှိဖို့နဲ့ ကွန်ပြူတာ AI (အသိဉာဏ်တု) နဲ့ ပြုလုပ်ထားတဲ့ ပုံရိပ်တွေကို ခွင့်ပြုချက်မရှိပဲ အသုံးမြပြုဖို့ အခုလို ရုပ်ရှင်သရုပ်ဆောင်တွေ စုပေါင်းပြီး ဆန္ဒပြမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံး (SAG)က ရုပ်ရှင်ထုတ်လုပ်မှု streaming ကုမ္ပဏီကြီးတွေဖြစ်တဲ့ Netflix နဲ့ Disney+ လို ကုမ္ပဏီတွေက သရုပ်ဆောင်တွေကို အကျိုးအမြတ်တွေ မျှမျှတတ ခွဲပေးဖို့တောင်းဆိုထားပါတယ်။

သရုပ်ဆောင်တွေ အလုပ်လုပ်ကိုင်ပြီးတဲ့အခါ သူတို့ပါဝင်တဲ့ ဗီဒီယိုတစ်ခုကို အင်တာနက်ကနေဖြစ်စေ၊ တီဗီချန်နယ်တစ်ခုကနေဖြစ်စေ ပြန်လည်ပြသတဲ့အခါ ကြည့်ရှု့တဲ့အရေအတွက်အပေါ်မှုတည်ပြီး အခငွေကြေး ထပ်မံ ရရှိပါတယ်။

ဒါပေမယ့် Netflix နဲ့ Disney+ ကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်ခြင်းဝန်ဆောင်မှုပေးသူတွေက ကြည့်ရှုသူအရေအတွက်ကို မဖော်ပြဘဲ တူညီတဲ့ နှုန်းထားနဲ့ သာသရုပ်ဆောင်တွေကို ပေးဆောင်နေခြင်းက မျှတမှုမရှိဘူးလို့ သရုပ်ဆောင်တွေက တောင်းဆိုထားပါတယ်။

ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံး (SAG)က ဉာဏ်ရည်တု (AI) အသုံးပြုခြင်းဆိုင်ရာ အကာအကွယ်တွေကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပြီး သရုပ်ဆောင်တွေရဲ့ ခွင့်ပြုချက်မရှိပဲ ဒီဂျစ်တယ်ပုံရိပ်တွေကို အသုံးမပြုပါဘူးဆိုတဲ့ အာမခံချက်လိုချင်နေကြပါတယ်။

အခုလို သရုပ်ဆောင်တွေစုပေါင်း ဆန္ဒပြမှုကြောင့် အမေရိကရဲ့ ရိုက်ကွင်းတွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်မှုတွေ အတော်များများ ရပ်ဆိုင်းနေမှာ ဖြစ်ပါတယ်။

Ref; DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။