Trending Now

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝန်ထမ်း ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရမှုအပေါ် ကုလသမဂ္ဂ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်

Spread the love

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝန်ထမ်း ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရမှုအပေါ် ကုလသမဂ္ဂ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇွန် ၉

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်း ဦးမျိုးမင်းထွဋ် ပစ်သတ်ခံရမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက ယနေ့ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝန်ထမ်း ဦးမျိုးမင်းထွဋ်သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ သံလွင်ဥယျာဉ်အနီးမှာ ယမန်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်က ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

မစ္စတာမျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ယာဉ်မောင်းအဖြစ် ၅ နှစ်နီးပါး အလုပ်လုပ်ခဲ့ပြီး ယခုလို ပစ်သတ်ခံခဲ့ရသည့်အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒါ့အပြင် အရပ်သားများအပေါ် အကြမ်းဖက်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘက်မလိုက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကျူးလွန်သူများကို တာဝန်ယူမှုရှိရမည်ဟု ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုကို မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။