Trending Now

လယ်ကုန်း၌ နယ်မြေ မီးသတ်ရုံးသစ် ဆောက်လုပ်နေသည့် အဆောက်အဦ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ

Spread the love

လယ်ကုန်း၌ နယ်မြေ မီးသတ်ရုံးသစ် ဆောက်လုပ်နေသည့် အဆောက်အဦ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ
EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်း ရပ်ကွက်တွင် နယ်မြေမီးသတ်ရုံး အသစ် ဆောက်လုပ်နေသည့် အဆောက်အဦအား ယနေ့ နံနက် ၄ နာရီခွဲခန့်က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရကြောင်း လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုသည် လယ်ကုန်းရပ်ကွက် နယ်မြေ ၁၄ (ပေါ်ဦးကွက်သစ်) အတွင်း ဇွန်လပိုင်းခန့်မှ စတင်ကာဆောက်လုပ်နေသည့် နယ်မြေ မီးသတ်ရုံးသစ်နေရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဆောက်အဦသည် ဖောင်ဒေးရှင်းသာ ပြုလုပ်ပြီးစီးထားပြီး ယင်းအဆောင်အဦ ကွန်ဂရစ်ဖောင်ဒေးရှင်းနား ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“မနက်က ၄ နာရီ ဝန်းကျင်မှာ ပေါက်ကွဲမူဖြစ်ခဲ့တာ၊ နေရာက အခုမှ စဆောက်နေတဲ့ မီးသတ်ရုံးဖြစ်တယ်၊ မနက်အစောပိုင်းဆိုတော့ အလုပ်သမားတွေလဲ မရှိဘူး၊ တစ်ခြား လူတိရိစ္ဆာန်လဲ ထိခိုက်မှု မရှိဘူး၊ ဖောင်ဒေးရှင်းလုပ်နေတဲ့ ကွန်ဂရစ်လောက်ပဲ ပျက်စီးသွားတာ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း လယ်ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဘက်အဖွဲ့အစည်းမှ မီးရှို့ ဖျက်စီးခဲ့သဖြင့် ရုံးအဆောက်အဦ တစ်ခုလုံး ပြာကျ ပျက်စီးခဲ့ပြီး အနီးရှိ သမရုံး မီးဟတ်ပျက်စီးခဲ့သည်။
သတင်း – ဗညားနွဲ့
ဓါတ်ပုံ – ပြီးခဲ့သည့် မတ်လက လယ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ ဖျက်စီးခံရသည့် မြင်ကွင်း။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။