Trending Now

မိုးကောင်းအမျိုးသမီးရေးရာအဖွဲ့မှ COVID-19 စောင့်ကြည့်ရေး စင်တာသို့ ထမင်းနှင့် ဟင်းဗူးများ လှူဒါန်း

Spread the love

မိုးကောင်းအမျိုးသမီးရေးရာအဖွဲ့မှ COVID-19 စောင့်ကြည့်ရေး စင်တာသို့ ထမင်းနှင့် ဟင်းဗူးများ လှူဒါန်း

EPN
မိုးကောင်း၊ ဇူလိုင် ၄

ဇူလိုင် (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မိုးကောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ COVID-19 စောင့်ကြည့်ရေး စင်တာသို့ ထမင်းနှင့် ဟင်းဗူးများ သွားရောက်လှူဒါန်းကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သဲယုဇာဦးစီးအဖွဲ့သည် ဇူလိုင် (၃)ရက် ညနေ (၅)နာရီအချိန်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နောင်ကိုင်တော်ရပ် ပြည်သူ့အားကစားကွင်းတွင် လှစ်ထားသော Facility Quarantine Centre သို့သွားရောက်ကာ Quarantine ဝင်ရောက်နေသူများနှင့် စေတနာ့ဝန်ထမ်းများအတွက် ညစာ ထမင်းနှင့် ဟင်းဗူး(၅၀)ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စောင့်ကြည့်ရေးစင်တာ၌ ထိုင်း၊ တရုတ်၊ မလေးရှားနှင့် ရန်ကုန်မှ ရောက်ရှိလာသူ (၃၁)ဦး ကို လက်ခံစောင့်ကြည့်ထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။