Trending Now

အလုပ်သမားသမားအခွင့်ရေးချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမား ၁၄ ဦးကိုလျှော်ကြေးပေးဖို့ ထိုင်းတရားရုံးချုပ်ဆုံးဖြတ်

Spread the love

အလုပ်သမားသမားအခွင့်ရေးချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမား ၁၄ ဦးကိုလျှော်ကြေးပေးဖို့ ထိုင်းတရားရုံးချုပ်ဆုံးဖြတ် 

EPN
နိုင်ငံတကာ၊ မတ် ၁၅

အလုပ်သမား အခွင့်ရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမား ၁၄ ဦးအပေါ် လျှော်ကြေး ထိုင်းဘတ် ၁ ဒသမ ၇ သန်းပေးချေဖို့ ထိုင်းမွေးမြူရေးခြံ သန်မာကာဆက် ပိုင်ရှင်ကို ထိုင်းတရားရုံးချုပ်က ယမန်နေ့မှာအမိန့်ချမှတ်လိုက်ပါတယ်။ 


ထိုင်းတရားရုံးက မြန်မာအလုပ်သမားတွေ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုကို သုံးနှစ်ကြာစုံစမ်းစစ်ဆေးပြီးနောက် လျှော်ကြေးဘတ် ၁ ဒသမ ၇ သန်းပေးဖို့ အမိန့်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ ထိုင်းမွေးမြူရေးခြံအလုပ်ရှင်အနေနဲ့ လျှော်ကြေးဘတ် ၁ ဒသမ ၇ သန်းကို သီတင်းပတ် တစ်ပတ်အတွင်းပေးရမယ်လို့ထိုင်းတရားရုံးကဆိုပါတယ်။

 မြန်မာအလုပ်သမားတွေ ဟာ လုပ်ခ လစာအပြည့်အဝမရမှု၊ အချိန်ပိုဆင်းရမှု အပြင် အလုပ် အများပြားလုပ်ခိုင်းစေမှုတို့ကြောင့် ၂၀၁၆ ခုနှစ်စတင်ပြီး ထိုင်း မွေးမြူရေးခြံအလုပ်ရှင်ကိုတရားစွဲခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေ ဟာကောင်းမွန်စွာမအိပ်ရတဲ့အပြင် ညလုံးပေါက်အလုပ်ခိုင်းတာတွေလည်းရှိနေခဲ့တယ်လို့ ပြောပါတယ်။ထိုင်း မွေးမြူရေးခြံပိုင်ရှင်ကတော့ အလုပ်သမားတွေရဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး အသရေဖျက်မှုနဲ့ တုံ့ပြန်တရားစွဲခဲ့တယ်လို့ ဆိုပါတယ်။

—————————————


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။