Trending Now

အပူပိုင်းမုန်တိုင်း တာလင် တရုတ်နိုင်ငံတောင်ပိုင်းကို ဇူလိုင်လ ၁၇ ရက်နေ့ နှောင်းပိုင်းမှာ ဝင်ရောက်ဖွယ်ရှိ

Spread the love

အပူပိုင်းမုန်တိုင်း တာလင် တရုတ်နိုင်ငံတောင်ပိုင်းကို ဇူလိုင်လ ၁၇ ရက်နေ့ နှောင်းပိုင်းမှာ ဝင်ရောက်ဖွယ်ရှိ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၇

တာလင် (Talim) လို့ အမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်းတစ်ခုဟာ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နှောင်းပိုင်းမှာ တရုတ်နိုင်ငံ တောင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ တရုတ်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဟာ ကွမ်းတုံကနေ ဟိုင်နန်အထိ ဝင်ရောက်တိုက်ခတ်နိုင်ပြီး အလွန်ပြင်းထန်တဲ့ မုန်တိုင်းအဆင့်ကို တိုးလာနိုင်တယ်လို့ တရုတ်မိုးလေဝသဌာနက လိမ္မော်ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့် အာဏာပိုင်တွေက လေယာဉ်ခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ရပြီး ဒေသခံတွေကို အိမ်အတွင်းမှာသာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

လေဆိပ်နဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားပြီး ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် အရေးပေါ် အစီအမံတွေကို အာဏာပိုင်တွေက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ref;

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။