Trending Now

ကချင်အထူးဒေသ(၁)၊ ပိုးသတ်ဆေးဖျန်းအဖွဲ့မှ မိုးညှင်းမြို့နယ်အတွင်း 84 – ပိုးသတ်ဆေးများ ဖျန်းပေးနေ

Spread the love

ကချင်အထူးဒေသ(၁)၊ ပိုးသတ်ဆေးဖျန်းအဖွဲ့မှ မိုးညှင်းမြို့နယ်အတွင်း 84 – ပိုးသတ်ဆေးများ ဖျန်းပေးနေ

 

EPN
မိုးညှင်း၊ ဇွန် ၁၃

COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကချင်အထူးဒေသ(၁) ပိုးသတ်ဆေးဖျန်းအဖွဲ့မှ မေလမှ စတင်ကာ ကချင်ပြည်နယ် အတွင်းရှိ မြို့နယ် ကျေးရွာများတွင် 84- ပိုးသတ်ဆေးများ ဖျန်းပေးလျှက်ရှိရာ အဆိုပါအဖွဲ့သည် ယမန်နေ့ ဇွန် ၁၂ ရက် နေ့လယ်ပိုင်းက မိုးညှင်းမြို့နယ်အတွင်း ရောက်ရှိနေပြီး ပိုးသတ်ဆေးများ ဖျန်းပေးနေကြောင်း သိရသည်။

အဆိုပါ အဖွဲ့၏ မိုးညှင်းမြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်း ပထမနေ့တွင် မြိုင်သာယာကျေးရွာ၊ မော်ဟန်ကျေးရွာ၊ ဆယ်မိုင်ရွာသစ်၊ ညောင်ကိုင်းကျေးရွာရှိ အခြေခံပညာ စာသင်ကျောင်းများ၊ မိုးညှင်းမြို့ အရှေ့စုဘုန်းတော်ကြီးကျောင်းတိုက်တို့တွင် ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ပိုးသတ်ဆေးဖျန်းရာတွင် ဆေးဖျန်းမော်တော်ယာဉ် အသုံးပြု၍လည်းကောင်း၊ ထို့အပြင် မော်တော်ယာဉ် မဝင်ရောက်နိုင်သည့် နေရာများ၊ အဆောက်အဦ အတွင်းများတွင် ကျောပိုး Sprayer Pump များ အသုံးပြုကာ ဖျန်းပေးလျှက်ရှိကြောင်း သိရသည်။

ကချင်အထူးဒေသ(၁) ပိုးသတ်ဆေးဖျန်းအဖွဲ့အနေနှင့် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင် စသည့် နေရာများရှိ အစိုးရဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ စစ်ရှောင်စခန်းများတွင် ပိုးသတ်ဆေးရည်များ ဖျန်းပေးခဲ့ကြောင်း သိရပြီး ယခုမိုးညှင်းမြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို ၅ ရက်အကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ တာဝန်ရှိသူ ထံမှ သိရသည်။

သတင်း – ဝေယံ
ဓါတ်ပုံ – ညီညီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။