Trending Now

ပခုက္ကမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီးကိုသတ်ပြီး ကားလုယူခံရ

Spread the love

ပခုက္ကမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီးကိုသတ်ပြီး ကားလုယူခံရ

EPN
ပခုက္ကူ ၊ စက်တင်ဘာ ၁၄

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကံတော်ကျေးရွာ ၊ အနောက်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်းက အသတ်ခံရပြီး ဆရာတော်ရဲ့ကားကို လူသတ်သမားတွေက လုယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အနောက်ကျောင်းဆရာတော် ဥူးတေဇောဘာသ သက်တော် ၄၆ နှစ် ၊ ဝါတော် ၂၆ ဝါ ၊ ကျောင်းထဲမှာ အသတ်ခံရတာဖြစ်တယ် ၊ ဆရာတော်ကိုသတ်ပြီး အကြမ်းဖက်သမားတွေက ဆရာတော်ရဲ့ကားကို လုယူသွားတာဖြစ်တယ် ” လို့ ကံတော်ရွာခံတွေက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက အကြမ်းဖက်သမား ၂၀ ဝန်းကျင်ဟာ ကံတော်အနောက်ကျောင်းတိုက်ထဲကိုရောက်လာပြီး ၊ ကျောင်းထိုင်ဆရာတော် ဥူးတေဇောဘာသ ရဲ့ သေနတ်နဲ့ပစ် ဓားနဲ့ ထိုးခုတ်ရာ ဆရာတော်ရဲ့ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၊ ညာဘက်ရင်အုံ ပြတ်ရှဒဏ်ရာ ၊ ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာနဲ့ ဝဲဘက်ရင်အုံဖောက်ဝင်ဒဏ်ရာတွေရခဲ့ပြီး နေရာမှာတင် ပျံလွန်တော်မူသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ လူသတ်လုယက်မှုနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၁၃ ရက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ တွင်းကျေးရွာ ၊ ရွှေစေတီကျောင်းတိုက် ဆရာတော် ဥူးအဂ္ဂဓမ္မ သက်တော် ၅၄ နှစ် ၊ ဝါတော် ၃၄ ဝါ ဟာ ကျောင်းတိုက်အတွင်း သီတင်းသုံး နေထိုင်စဥ် အသတ်ခံရတာဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဇွန်လကနေ ဒီနှစ် စက်တင်ဘာအထိ မကွေးတိုင်း ပခုက္ကူခရိုင်ထဲက ပေါက် ၊ မြိုင် ၊ ရေစကြို စတဲ့ မြို့နယ်တွေဘက်မှာ ရဟန်းသံဃာ အပါး ၂၀ ကျော်နဲ့ သာဿနာ့အနွယ်ဝင် သီးလရှင် ၂ ပါး အသတ်ခံရပြီး ၃၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။