Trending Now

စင်္ကာပူသမ္မတ ရွေးကောက်ပွဲ မဲပေးမှု စတင်

Spread the love

စင်္ကာပူသမ္မတ ရွေးကောက်ပွဲ မဲပေးမှု စတင်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁

စင်္ကာပူနိုင်ငံမှာ နဝမမြောက် သမ္မတ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့ စတင်နေပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ်လောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့သူ သုံးဦးရှိပြီး၊ GIC ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ်ဟောင်း ငကိုးဆောင်း၊ အကြီးတန်းဝန်ကြီးဟောင်း သာမန်ရှန်မူဂါရတ်နမ် နဲ့ ယခင် NTUC Income အာမခံကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တန်ကင်လျန်တို့ ဖြစ်ကြောင်း သိရပါတယ်။

အရည်အချင်းပြည့်မီသော မဲဆန္ဒရှင်တွေဟာ ဒီနေ့ နံနက် ၈ နာရီအချိန်မှာ စတင်မဲပေးခဲ့ကြပြီး “မဲပေးချိန်က ည ၈ နာရီအထိဆိုတော့ မဲဆန္ဒရှင်တွေအတွက် ညနေပိုင်တွေမှာ တန်းစီတာက ပိုလွယ်ပါတယ်။” လို့ စင်္ကာပူ ရွေးကောက်ပွဲဌာနက ပြောပါတယ်။

စင်ကာပူနိုင်ငံရဲ့ အရည်အချင်းပြည့်မီသော နိုင်ငံသား ၂.၇ သန်းကျော်ဟာ ရွေးကောက်ပွဲမှာ မဲကိုမဖြစ်မနေ ပေးရမှာဖြစ်ပြီး တကယ်လို့ ပျက်ကွက်ခဲ့မယ်ဆိုပါက ခိုင်လုံတဲ့အကြောင်းပြချက်မရှိရင် မဲဆန္ဒရှင်စားရင်းကနေ ထုတ်ပယ်ခံရနိုင်ပါတယ်။

Ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။