Trending Now


Spread the love


EPN
ဟိုပင်​၊ မတ်​ ၂၇






ချစ်​သား
———————————————–

ကားဘီးပေါက်ရာမှလမ်းဘေးရေမြောင်းအတွင်းထိုးကျတိမ်းမှောက်မှုဖြစ်ပွား

EPN

ဟိုပင်၊ မတ် ၂၇

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာအုပ်စု ငါးမိုင်ကျေးရွာ၊ မြစ်ကြီးနား-မိုးကောင်း-ဟိုပင်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ယနေ့ မတ်(၂၇)ရက်၊ နေ့လည်(၂)နာရီခွဲအချိန်ခန့်က လိုက်ထရပ်မော်တော်ယာဉ်တစ်စီး ကားဘီးပေါက်ရာမှလမ်းဘေးရေမြောင်းအတွင်းထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းဟိုပင်နယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ဟိုပင်မြို့၊ ငါးမိုင်ကျေးရွာ ၊ မြစ်ကြီးနား-မိုးကောင်း-ဟိုပင်သွား ပြည်ထောင်စုလမ်းမကြီးပေါ်မိုင်တိုင်အမှတ်၃၄၄နှင့်၃၄၅ကြား တွင်ဝိုင်းမော်မြို့မှ ဟိုပင်မြို့ဘက်သို့ ယာဉ်မောင်း စိုင်းမြတ်အောင်မောင်းနှင်ပြီးခရီးသည်(၁၅)ဦးလိုက်ပါလာသည့်မာဇဒါလိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်(လိုင်စင်ရှိ)သည် ဝဲဘက်ရှေ့ဘီးပေါက်ကာ ဝဲဘက်ယိုင်သွားစဉ် မျက်နှာချင်းဆိုင်မှမောင်းနှင်လာသောကားအားတိမ်းရှောင်ရာ လမ်း၏ယာဘက်(၇)ပေခန့်အကွာ အနက်(၂)ပေခန့်ရှိ ရေမြောင်းအတွင်းသို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ယာဉ်တိမ်မောက်မှုကြောင့် ယာဉ်မောင်းပါ(၁၆)ဦးအနက် ကျား(၅)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၄)ဦး ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့်ဟိုပင်ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများထဲမှ မဆာရီ၊ အသက်(၂၀)နှစ်သည် (နှာခေါင်းညို/ပွန်းပဲ့၊ ဝဲလက်ဖမိုးပွန်းပဲ့၊ ခါးနောက်ကြောပွန်းပဲ့၊ သတိမရ၊(စိုးရိမ်ရ) နှင့် မောင်လွမ်းဇယ်၊ အသက်(၁၆)နှစ်၊ ယာနဖူးညိုမဲဒဏ်ရာ၊ ဝဲနောက်စ့ဖူးရောင်ဒဏ်ရာ၊( စိုရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီးကျန်သူများစိုရိမ်ရအခြေအနေမရှိကြောင်းရဲမှတ်တမ်းအရသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စိုင်းမြတ်အောင်၊ အသက်(၂၆)နှစ်၊ (ဘ)ဦးဝဏ္ဏ၊ မြဇေယျာရပ်ကွက်၊ ဟိုပင်မြို့နေသူကို ယာဉ်(ပ)၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၃၇/၃၃၈ဖြင့်ဟိုပင်နယ်မြေရဲစခန်မှအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။