Trending Now

ဖားကန့်မြို့နယ်တွင် မိသားစုဝင် သုံးဦး ကားတိမ်းမှောက်ကာ လုပ်ကွက်ဟောင်းရေကန်ထဲပြုတ်ကျပျောက်ဆုံးနေ

Spread the love

ဖားကန့်မြို့နယ်တွင် မိသားစုဝင် သုံးဦး ကားတိမ်းမှောက်ကာ လုပ်ကွက်ဟောင်းရေကန်ထဲပြုတ်ကျပျောက်ဆုံးနေ

EPN
မြစ်ကြီးနား ၊ ဇွန် ၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် အနီးရှိ ရေကန်တစ်ခုအတွင်း ယနေ့ နံနက် (၉)နာရီခန့်က ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် သုံး စီးနှင်လာသည့်အိမ်စီးကား တစ်စီး တိမ်းမှောက်ကာ ကားပေါ်ပါသုံးဦးလုံး ရေကန်ထဲ ပြုတ်ကျ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ (၉)ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ် မှော်မောင်းလျှံကျေးရွာနေ မိသားစု တစ်စုမှာ ဖားကန့်မြို့နယ်ပြည်သူဆေးရုံကြီးသို့ကာကွယ်ဆေးထိုးနှံရန် မောင်းနှင်လာခဲ့စဉ် အေးမြသာယာရပ်ကွက်ကျော် အနီးရှိ ရေကန်အနားတွင် ကားတိမ်းမှောက်ကာ ကားပေါ်ပါ မိသားစုဝင်သုံးဦးလုံး ရေကန်ထဲ နစ်မြုပ်ပျောက်ဆုံးနေကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

” ကလေးငယ်ကို ဆေးရုံကြီးမှာကိုဗစ်ကာကွယ်ဆေးထိုးဖို့လာကြတာ ၊ အဲ့ဒီရေကန်နားအရောက်မှာ ကားကမှောက်သွားတာ ရေကန်ထဲကို အဲ့ဒီ မိသားစုဝင် ကလေးကော အားလုံးကျသွားတယ်ထင်တယ်၊လူတွေလဲပျောက်နေတယ် ၊ကားလဲဆယ်လို့မရသေးဘူး၊ အခုထိရှာဖွေလို့မရသေးဘူး၊ ကယ်ဆယ်ရေးတွေတော့ခေါ်ထားပြီးပြီဖြစ်တယ်၊ ” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်တွင် အလားတူဖြစ်စဉ်များမကြာခဏဖြစ်ပွားလေ့ရှိပြီး ယမန်နေ့ ဇွန်လ(၇)ရက်နေ့ကလည်း လူငယ်တစ်ဦး ဆန်ခါးကျေးရွာအနီးတောက်ပကြယ်လုပ်ကွက်ဘေးရှိ ရေကန်တစ်ခုတွင် နစ်မြုပ်သေဆုံးခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။