Trending Now

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုကြီးထွားလာတာနဲ့အမျှ နျူကလီးယားလက်နက်တိုးချဲ့မှုများပြားလာ

Spread the love

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုကြီးထွားလာတာနဲ့အမျှ နျူကလီးယားလက်နက်တိုးချဲ့မှုများပြားလာ

EPN
နိုင်ငံတကာ၊ ဇွန် ၁၂

ကမ္ဘာတစ်ဝှမ်း နဲ့ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေတိုချဲ့မှုဟာ ၂၀၂၂ ခုနှစ်အတွင်း ကြီးထွားလာခဲ့ပြီး တစ်ခြားအင်အားကြီးနိုင်ငံတွေက နျူလက်နက်တွေကို ပိုမိုခေတ်မီအောင် ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သုတေသီတွေက ဇွန်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။

“ကမ္ဘာတစ်ဝှမ်း နျူကလီးယားလက်နက် အရေအတွက် ကျဆင်းနေတဲ့ ကာလ ကုန်ဆုံးဖို့ နီးကပ်လာနေပြီ” လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန ဒါရိုက်တာ ဒန်စမစ်က အေအက်ဖ်ပီကို ပြောပါတယ်။

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုးရီးယား၊ ပါကစ္စတန်၊ ရုရှားနဲ့ အမေရိကန်နျူကလီးယားအင်အားကြီး ကိုနိုင်ငံရဲ့ နျူကလီးယားထပ်ဖူးအရေအတွက်ဟာ ၂၀၂၃ ခုနှစ်အစပိုင်းမှာ စုစုပေါင်း ၁၂,၅၁၂ ခုရှိပြီး ၉,၅၆၇ ခုဟာ အဆင်သင့် အသုံးပြုနိုင်တဲ့ စစ်ရေးသိုလောင်ရုံတွေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်မှု သိသိသာသာမြင့်တက်လာတဲ့ တရုတ်နိုင်ငံဟာ ထပ်ဖူး ၃၅၀ ကနေ ၄၁၀ အထိ ရှိလာခဲ့ပြီး အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့ကလည်း သိုလှောင်မှုပမာဏကို အတိုင်းအတာတစ်ခုအထိတိုးမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမြင်တွေ့ခဲ့ရတဲ့ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက် ကျဆင်းရေးလမ်းစဉ်ဟာ နိဂုံးချုပ်ချိန်နီးကပ်လာပြီလို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန က ပြောပါတယ်။

နျူလက်နက်ထိန်းချုပ်ရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် ဆုတ်ယုတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အင်အားကြီးနိုင်ငံတွေကြား ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားပါတယ်။

နျူလက်နက်အသစ်တွေ တီထွင်ဖို့ အချိန်ယူရသလို ယူကရိန်း ပဋိပက္ခမှာ တိုက်ရိုက်မပါဝင်တဲ့ နိုင်ငံတွေမှာပါ နျူလက်နက်ထားရှိမှုမြင့်တက်လာတဲ့အတွက် ရုရှား-ယူကရိန်း ပဋိပက္ခတစ်ခုတည်းကြောင့် ကမ္ဘာတစ်ဝှမ်း သိုလှောင်မှု မြင့်တက်လာတယ်လို့ မဆိုနိုင်ကြောင်း သုတေသနဌာန ပြောပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။