Trending Now

ခရစ္စမတ် ပွဲတော် နှင့် နာဂရိုးရာ ပွဲတော် လများ နီးလာချိန်တွင် ရိုးရာ အဝတ်စားများ ရောင်းအားကောင်းနေ

Spread the love

ခရစ္စမတ် ပွဲတော် နှင့် နာဂရိုးရာ ပွဲတော် လများ နီးလာချိန်တွင် ရိုးရာ အဝတ်စားများ ရောင်းအားကောင်းနေ

EPN
မြစ်ကြီးနား ၊ နိုဝင်ဘာ ၃

တနိုင်းခရိုင်၊ ရှင်ဗွေယာန်မြို့တွင် လာမည့် ဒီဇင်ဘာ ခရစ္စမတ်ပွဲတော်နှင့် နာဂရိုးရာ ပွဲတော်လများ နီးလာချိန်တွင် နာဂရိုးရာ အဝတ်အစားများ ယခင် လများထပ် ပိုမိုရောင်းအားမြင့်တက် လာကြောင်း ရိုးရာအဝတ်အစားများရောင်းချသည့် ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် လများတွင် ရောင်းအားနည်းပါးခဲ့သည့် နာဂရိုးရာ အဝတ်စားများ ယခုရက်ပိုင်းအတွင်းရောင်းအား ကောင်းလာသော်လည်း ဈေးနှုန်းမြှင့်တင်ကာရောင်းချခြင်းမရှိဘဲ ယခင်ဈေးများအတိုင်းရောင်းချနေကြောင်း နာဂရိုးရာဝတ်စုံ ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးကပြောဆိုသည်။

“အရင်လတွေထက် အခု လပိုင်းမှာ ပိုပြီးရောင်း ရတယ် ပြောရမှာပေါ့၊ ဒါကတော့ထုံးစံလိုပါပဲ ပွဲလမ်းသဘင်ဆိုဝယ်ကြတာပဲလေ၊ အခုလည်း ခရစ္စမတ်ပွဲလည်း နီးလာပြီး ပြီးတော့ နာဂရိုးရာ ပွဲတော်လည်း ၁လပိုင်း (၁၅)ရက်နေဆိုတော့ ရောင်းအားက တက်လာတာပေါ့၊ နယ်က မှာယူသူတွေလည်းရှိကြတယ် ပွဲတော်နီးလာတော့ ရိုးရာအဝတ်စားတွေကို လက်ဆောင်ပြန်ပေးကြတာရှိတဲ့အတွက် အခုရက်ပိုင်းက ပိုရောင်းလာရတာပေါ့ ” ၎င်းကရှင်းပြသည်။

နာဂရိုးရာ အသုံးအဆောင် အဝတ်စားများဖြစ်သည့် ပုဆိုး၊အင်္ကျ ီ၊စလွယ်၊ခေါင်းပေါင်း၊ လွယ်အိတ် စသည့် ပစ္စည်းများကို ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း ဈေးနှုန်းမြှင့်တင်ကာ ရောင်းချခြင်းမရှိဘဲ ၈၀၀၀ တန်မှ စ၍ သောင်းကြီး ဂဏန်းအထိ အစားစား ရောင်းချလျက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။