Trending Now

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နေအိမ်ကို အက်ဖ်ဘီအိုင် ဝင်ရောက်စီးနင်း

Spread the love

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နေအိမ်ကို အက်ဖ်ဘီအိုင် ဝင်ရောက်စီးနင်း

EPN
နိုင်ငံတကာ၊ သြဂုတ် ၉

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဟာ ဖလော်ရီဒါပြည်နယ် ပမ်ဘိချ်မြို့မှာရှိတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အပန်းဖြေစခန်း မာ-လာဂိုအိမ်ကြီးကို

ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့ ထရမ့်က တနင်္လာနေ့ညနေပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ဖလော်ရီဒါပြည်နယ် ပမ်ဘိချ်မြို့မှာရှိတဲ့ ကျွန်ုပ်ရဲ့ လှပတဲ့ မာ-လာဂိုအိမ်ဟာ အက်ဖ်ဘီအိုင်အေဂျင့်အုပ်စုရဲ့ သိမ်းပိုက်မှု နဲ့ ဝင်ရောက်စီးနင်းမှုကို ခံနေရပါတယ်။” လို့ ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အက်ဖ်ဘီအိုင်အေးဂျင့်တွေက သူ့ရဲ့ မာ-လာဂိုခြံမြေကို ဝင်ရောက်စီးနင်းခဲ့တာဟာ ဒေါ်နယ်ထရမ့်က လျှို့ဝှက်အချက်အလက်တွေပါဝင်တဲ့ အိမ်ဖြူတော်နဲ့ပတ်သက်တဲ့ မှတ်တမ်းသေတ္တာ ၁၅ ခုကို အမျိုးသားမော်ကွန်းတိုက်ကို ပို့ဆောင်ရမယ့်အစား သူ့ရဲ့ မာ-လာဂိုခြံကို ရွှေ့ပြောင်းခဲ့တယ်ဆိုတဲ့ သံသယမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

” စီးနင်းမှုရဲ့ရည်ရွယ်ချက်ဟာ အမျိုးသားမော်ကွန်းတိုက်က အိမ်ထဲမှာ အစိုးရနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေရှိမရှိကို အတည်ပြုလိုတာကြောင့်လို့ပြောတယ်” ထရမ့်ရဲ့ သားဖြစ်သူ အဲရစ်ထရန့်က ပြောပါတယ်

အမေရိကန်ရှေ့နေချုပ် မားရစ်ဂါးလန်းက သမ္မတဟောင်းကို စုံစမ်းစ်စဆေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လပေါင်းများစွာ မေးမြန်းခံရပြီးနောက် ပြည်ထောင်စု ဥပဒေထိန်းသိမ်းရေးအဖွဲ့တွေ ယခုလို ဝင်ရောက်စီးနင်းတဲ့ အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် ယင်းကဲ့သို့ ဝင်ရောက်ရှာဖွေမှုမျိုးကို ရာဇဝတ်မှုကျူးလွန်ထားကြောင်း တရားသူကြီးကို သက်သေပြနိုင်မှ ဝင်ရောက်ရှာဖွေတာတွေ လုပ်ဆောင်ခွင့်ရှိတာဖြစ်ပြီး ယခုဝင်ရောက်စီးနင်းတဲ့ကစ္စဟာတော့ သက်သေအထောက်အထား ရှိထားတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

သမ္မတဟောင်းရဲ့ နေအိမကို ဝင်ရောက်ရှာဖွေ မှုနဲ့ပတ်သက်ပြီး FBI နဲ့ တရားရေးဌာန တို့က မှတ်ချက်ပေးဖို့ ငြင်းဆန်ထားဆဲဖြစ်ပါတယ်။
ထရမ့်ဟာ ၂၀၂၄ ခုနှစ်မှာ သမ္မတလောင်းအဖြစ် ထပ်မံရွေးကောက်ခံဖို့ ပြင်ဆင်နေပေမယ့် အခုလိုဖြစ်ပေါ်လာတာကြောင့် အိမ်ဖြူတော်ကို တရာဝင်ပြန်လာခွင့် ပိတ်ပင်ခံရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

အထူးသဖြင့် အစိုးရစာရွက်စာတမ်းတွေကို ဖုံးကွယ်တာ၊ ဖယ်ရှားတာ၊ ဖျက်ဆီးတာတွေ ပြစ်မှုထင်ရှားပါက အမေရိကန် ဥပဒေအရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ ချမှတ်နိုင်တဲ့အပြင် တာဝန်ထမ်းဆောင်နေသူဖြစ်ပါက တာဝန်မှ ရပ်စဲခြင်းကို ခံရမှာဖြစ်ပါတယ်။

တကယ်လို့ ထရမ့်သာ အစိုးရမှတ်တမ်းတွေကို ဖယ်ရှားမှုနဲ့ စွဲချက်တင်ခံရပါက ၂၀၂၄ ခုနှစ်မှာ သမ္မတပြန်ဖြစ်လာဖို့ ဟာ အရည်အခြင်းပြည်မီမှာမဟုတ်တော့ပါဘူး။

Source – TNY/CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။