Trending Now

အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်၏ လက်ထောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်၏ လက်ထောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ မေ ၉

အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်၏ လက်ထောက်တစ်ဉီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းကြောင့် အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူများကြား ရောဂါကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်၏ ပြောရေးဆိုခွင့်ရအမျိုးသမီး ကေတီမီလာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၈ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်ရေးဝန်ထမ်းတစ်ဉီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အိမ်ဖြူတော် က အတည်ပြုပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ အမေရိကန်အစိုးရအဖွဲ့က ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရေး ပြည်သူများ နှာခေါင်းစည်းဝတ်ဆင်ကြရန် ထောက်ခံခဲ့သည်။

သို့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဒုတိယသမ္မတ မိုက်ပန့်စ်တို့က ဆေးရုံတစ်ရုံနှင့် နှာခေါင်းစည်း စက်ရုံတစ်ရုံသို့ တရားဝင် သွားရောက်ခဲ့သည့်ခရီးစဉ်များအတွင်း နှာခေါင်းစည်း ဝတ်ဆင်ခဲ့ခြင်းမရှိပေ။
ဒေါ်နယ်ထရမ့်နှင့် မိုက်ပန့်စ်တို့က နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်း ကြောင့် နှာခေါင်းစည်း မဝတ်ဆင်ခြင်းဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောသည်။

သို့သော်လည်း စစ်ဆေးမှုပြုလုပ်ခြင်းနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများဆောင်ရွက်ခြင်းက သီးခြား ကိစ္စရပ်များဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

–ကိုးကား–

အင်န်အိတ်ချ်ကေ
Ref; Pence aide tests positive for coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။