Trending Now

မလေးရှားနိုင်ငံဆီ သွားရောက်ဖို့ ကြိုးပမ်းတဲ့ ဘင်္ဂလီရာကျော်ကို ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ တားဆီး

Spread the love

မလေးရှားနိုင်ငံဆီ သွားရောက်ဖို့ ကြိုးပမ်းတဲ့ ဘင်္ဂလီရာကျော်ကို ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ တားဆီး 

EPN
နိုင်ငံတကာ၊ ဧပြီ ၇

မလေးရှားနိုင်ငံဆီမှောင်ခိုပို့ဖို့ ကြိုးပမ်းခံရတဲ့ ဘင်္ဂလီ ရာကျော်ကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့ ဟာ ဧပြီ ၆ ရက်နေ့မှာ မလေးရှားနိုင်ငံဆီ ငါးဖမ်းသင်္ဘောနဲ့မှောင်ခိုတင်ပို့ဖို့ ကြိုးပမ်းခံရတဲ့ ဘင်္ဂလီတွေကို တားဆီး ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာ – ဘင်္ဂလားဒေရှ့်နယ်စပ် ကူတာပလောင် ဒုက္ခသည်စခန်းက ဒုက္ခသည်ဘင်္ဂလီတွေကို ငါးဖမ်းလှေတွေနဲ့ မလေးရှားနိုင်ငံဆီပို့ဆောင်ခဲ့ရာ ဘင်္ဂလားပယ်လယ်အော်မှာ ဒုက္ခသည်တွေ ကို ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့အနေနဲ့ လူကုန်ကူးဖို့ ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ လှေ ၁၅ စင်းကိုတားဆီးနိုင်ခဲ့ကြောင်း၊ လူကုန်ကူးခံရတဲ့ အုပ်စုထဲမှာ အမျိုးသား ၅၀ ၊ အမျိုးသမီး ၃၉ ဦးနဲ့ ကလေး ၂၆ ဦးတို့ဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ဟူစိန်ကပြောပါတယ်။

ဘင်္ဂလီဒုက္ခသည်တွေ ဟာ မလေးရှားနိုင်ငံဆီ သွားရောက်ဖို့ လူကုန်ကူးသူကို ငွေကြေးပေးခဲ့ရကြောင်း သိရပါတယ်။ လူကုန်ကူးဖို့ကြိုးပမ်းတဲ့ သူကိုဖမ်းဆီးနိုင်တာမရှိသေးကြောင်းမလေးရှား အာဏာပိုင်တွေကပြောပါတယ်။
————————————————


EPN







Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။