Trending Now

မိုးကောင်းမြို့နယ်အတွင်း ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၈၀ ကျော်ရှိ

Spread the love

မိုးကောင်းမြို့နယ်အတွင်း ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၈၀ ကျော်ရှိ

EPN
မိုးကောင်း၊ ဇွန် ၁၃

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ယခုဇွန်လ ၃ ရက်နေ့မှ စ၍ ထိုင်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ပြည်တော်ပြန် မြန်မာနိုင်ငံများသားများကို လက်ခံကြိုဆိုလျှက်ရှိရာ ယမန်နေ့ ဇွန် ၁၂ ရက်နေ့အထိ စုစုပေါင်း ၈၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း ဦးစီးသော အဖွဲ့ဝင်များသည် ဇွန် (၁၂)ရက် နံနက် (၁၀)နာရီ အချိန်က မိုးကောင်းမြို့နယ်သို့ မှန်လုံအမြန်ယာဉ်(၂)စီးဖြင့် ရောက်ရှိလာကြသည့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၂၁ ဦးကို ကြိုဆိုလက်ခံပေးခဲ့ပြီး သက်ဆိုင်ရာ စောင့်ကြည့်ရေး စင်တာများသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ယမန်နေ့က ရောက်ရှိလာသည့် ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များတွင် နမ္မတီးမြို့မ (၅) ဦး၊ ‌ရေရှင် ကျေးရွာမ ှ(၇)ဦး၊ ကျွန်းပင်သာကျေးရွာမှ (၆)ဦး၊ နောင်ကိုင်တော်ရပ်ကွက်မှ (၂)ဦး၊ သူဌေးကုန်းကျေးရွာမှ တစ်ဦး စုစုပေါင်း ကျား(၁၂)ဦးနှင့်မ(၉) ဦး ပါဝင်ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်သို့ ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသူများကို ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဗော်လန်တီယာ အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။