Trending Now

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်မရှိဘဲ ရောင်းချနေသည့် Body Art ဆေးဝါးများ သုံးစွဲရန်မသင့်ဟု အသိပေး

Spread the love

တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့် လိုင်စင်မရှိဘဲ ရောင်းချနေသည့် Body Art ဆေးဝါးများ သုံးစွဲရန်မသင့်ဟု အသိပေး

EPN
နေပြည်တော်၊ ဧပြီ-၅ (၂၀၂၄)

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်မရှိဘဲ ရောင်းချနေသည့် Body Art အမှတ်တံဆိပ်ဆေး ဝါးများသည် သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနက အသိပေးခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာ အသုံးပြုကာ ရောင်းချလျက်ရှိသော Body Art အမှတ်တံဆိပ်ဆေးဝါးများသည် တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်များရရှိထားခြင်း မရှိဟု အသိပေးခဲ့သည်။

ယင်းကြောင့် Body Art အမှတ်တံဆိပ်ဆေးဝါးများဖြစ်သော B2-လေမဖြတ်ရလိမ်းဆေး၊ B3-ခရေမနွမ်းလိမ်းဆေး၊ B1-သွေးတွင်းအဆီကျလိမ်းဆေး၊ B4-ရင်/တင်ချမ်းသာလိမ်းဆေး၊ B5- ကြည်ရှင်းတောက်လိမ်းဆေး၊ B7-သရဖူလိမ်းဆေးနှင့် B9-သဘာဝလိမ်းဆေးတို့သည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ အာနိသင်ထိရောက်မှုအတွက် အာမခံချက် မပေးနိုင်သဖြင့် သုံးစွဲရန်မသင့်ကြောင်း အသိပေးခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို ပြည်သူများသုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။