Trending Now

ဆည်တမံများ တည်ဆောက်ခြင်းဖြင့် မြစ်ချောင်းအသုံးပြုမှု တိုးမြှင့်နေသည့် အနောက်အုပ်စု

Spread the love

 

 

 ဆည်တမံများ တည်ဆောက်ခြင်းဖြင့် မြစ်ချောင်းအသုံးပြုမှု တိုးမြှင့်နေသည့် အနောက်အုပ်စု

EPN
ဆောင်းပါး၊ သြဂုတ် ၂၂

ယခုနှစ်ပိုင်းများတွင် အနောက်နိုင်ငံများ၊ အထူးသဖြင့် ဥရောပနှင့် အမေရိကန်နိုင်ငံများသည် ကိုယ့် နိုင်ငံ၏ ဆည်တမံများကို အဆင့်မြှင့်တင်ရန် ကြိုးစားဆောင်ရွက်နေကြသည်။ ၎င်းတို့၏ ပြည်တွင်း ဆည်တမံများ အသုံးပြုမှုနှုန်းမှာ ၉၀ ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့သည်။ ဥပမာအားဖြင့် မီဒီယာများ ဖော်ပြထားသည့် အမေရိကန်နိုင်ငံသည် ဆည်တမံ ၉၀၀ကျော် ဖြုတ်ဖျက် လိုက်သည်ဟူသော သတင်းမှားကိုလည်း တွေ့ရှိခဲ့ရသည်။

ဆည်တမံ ကိုးရာကျော်ကို ဖြုတ်လိုက်သည်ဆိုသည့် သတင်း ကြောင့် ဆည်တမံများကို ဆောက်လုဆဲ၊ ဆောက်နေဆဲ အိမ်နီးချင်းနိုင်ငံအချို့မှာ ဂဟက်ရိုက်ခဲ့သည်။ အမှန်က အမေရိကန် ဖြုတ်ဖျက်ခဲ့သည့် ဆည်တမံ၉၀၀ကျော်သည် ပျက်စီးယိုယွင်းနေသည့် အသေးစား တမံများသာ ဖြစ်သည်။

ဤတမံများ ဖြုတ်ဖျက်ပြီးနောက် ၎င်းနေရာတွင် သို့မဟုတ် အထက်ပိုင်းမှာ ပိုမိုကြီးမားသော၊ ပိုမို ကောင်းမွန်သော၊ နည်းပညာ ပိုမိုမြှင့်မားသော ဆည်တမံများကို ပြန်လည်အစားထိုး တည်ဆောက် မည်ဖြစ်သည်။ တစ်နည်းအား ဖြင့်ဆိုလျှင် အမေရိကန်သည် ဆည်များကို ဖြုတ်ဖျက်ခြင်း မဟုတ်ဘဲ ဆည် အဆင့် မြှင့်တင်မှုများကို ဆောင်ရွက်နေခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်မှုများကြောင့် အမေရိကန်မှာ ဆည်တမံ အသုံးပြုမှုနှုန်းသည် ၈၂ ရာခိုင်နှုန်းမှ  ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့် လာခဲ့ပါသည်။

အမှန်ဆိုရလျှင် ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံးနည်းပါးသည် ဆည်တမံများ တည်ဆောက်ရာတွင် အနောက်နိုင်ငံမှ သွေးထိုးလှုံ့ဆိုမှုနှင့် ”ခေတ်သစ်ဆည်တမံပညာရှင်” များ၏ လုပ်ဆောင်မှုများကြောင့် ထိခိုက်မှု များစွာခံစားခဲ့သည်။ အနောက်နိုင်ငံများမှ ငွေကြေးထောက်ပံ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး NGOများသည် ရေကာတာများနှင့် ပတ်သက်သော ကောလာဟလပြောဆိုချက်ကို အမြောက်အများ ဖြန့်ချီခဲ့ကြသည်။


ယင်းသို့ ကောလဟာလ သတင်းမှားများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်၏ အထောက်အ ပံ့ဖြင့် ရပ်တည်နေသည့် နိုင်ငံတွင်း NGO များသည် ယင်းသတင်းမှားများကို လက်ဆင့်ကမ်းဖြန့်ဝေ ခြင်းကြောင့် ဆည်၊ ရေကာတာများနှင့် ပတ်သက်ပြီး ဗဟုသုတနည်းသော ပြည်သူများမှာ ဟုတ်သ ယောင်ဖြစ်စေခဲ့သည်။ နောက်ပြီး မှားယွင်းသော အတွေးအခေါ်များ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

အမှန် တကယ် ဆည်၊ တမံများကြောင့် ရရှိလာသည့် ကောင်းကျိုးများကို ဖုံးဖိထားကာ ဆိုးကျိုးများကိုသာ ဖြန့်ချိနေခြင်းသည် မိမိနိုင်ငံအတွင်း ဆည်၊ တမံများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများသာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

နိုင်ငံအတွင်းမှာ မည်သည့် စီမံကိန်းကိုမဆို နှောက်ယှက် ကန့်ကွက်သူများရှိနေသ၍ နိုင်ငံဖွံ့ဖြိုး တိုး တက်ရေးကဏ္ဍ၌ အလှမ်းဝေးနေအုံးမည်ဖြစ်ပါသည်။ မည်သည့် စီမံကိန်းမဆို ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်ရပ်လုံးမှာ ဒွန်တွဲနေမည်ဆိုတာကို ရိုးရိုးသာမှန်လူပင်လျှင် နားလည်ထားကြသည်။ ဒါကြောင့် အဖွဲ့ အစည်းများမှာ ပါဝင်လှုပ်ရှားသူများဆိုတော့ ပြောနေစရာ လိုတော့မည်မထင်ပါ။ ဤကဲ့သို့ နိုင်ငံ အ တွင်း ရေတမံများတည်ဆောက်မှု နောက်နည်းခဲ့ရင် နိုင်ငံ့ဖွံံ့ဖြိုးတိုးတက်ရေးမှာလည်း နောက်ကျ ကျန် ရစ်နေအုံးမည်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ကျော်က အီသီယိုးပီးယားနိုင်ငံသည် ဆင်းရဲမှု လွန်စွာ ကြုံတွေ့ခဲ့သည့်တွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးများ ဦးမော့လာစေရန် ဆည်၊ တမံများတည်ဆောက်ဖို့ စီစဉ် ထားသော်လည်း နိုင်ငံအတွင်းမှာ တမံအလိုမရှိ (No Dam) တို့ကြောင့် နောက်ကျခဲ့ရသည်။ အယူအ ဆလွဲမှားမှုကြောင့် နိုင်ငံခက်ခဲကြမ်းတမ်းခဲ့ရသည်။ အီသီယိုးပီးယားနိုင်ငံဟာ နိုင်ငံအတွင်း အကြပ် အတည်း ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ရသည်။

၂၀၁၇ ခုနှစ်အထိ နိုင်ငံဟာ ငြိမ်သက်မှုမရှိခဲ့ဘဲ ဒုက္ခလှလှ ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံမတည်ငြိမ်ကနေ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပါ အကြီးအကျယ်ထိခိုက်ခဲ့သည့် နိုင်ငံဖြစ်ခဲ့ရသည်။ သို့သော် နောက်ပိုင်းမှာ ဖွံ့ ဖြိုးရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ရန် နိုင်ငံတာဝန်ရှိသူများက ကမ္ဘာ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး စီမံကိန်းများ၊ ပရောဂျက်များကို ခွင့်ပြုစေခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းဘက်ကို အကောင်အထည်ဖေါ် ဆောင် ရွက်ခဲ့ကြသည်။

နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်ဆိုသော အချက်ကို နားလည်ခဲ့ပြီးနောက် အခုလက်ရှိအချိန်မှာ နိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ရေအားလျှပ်စစ် စီမံ ကိန်းများကို အားပြုဖို့ စီစဉ်နေပါပြီ။ အီသီယိုးပီးယားနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း လျှပ်စစ် တပ်ဆင် အင်အား စုစုပေါင်း ၄၃၀၀ မဂ္ဂါဝပ်မှ ယခုဆို  မဂ္ဂါဝပ် မြောက်များစွာ ထုတ်ယူနိုင်ဖို့ စိုင်းပြင်း နေကြပါပြီ။ အဲဒီထဲမှာ ရေအားလျှပ်စစ်ကနေ မဂ္ဂါဝပ် တစ်သောင်းကျော်ကို ထုတ်ယူနိုင်ဖို့ ပြင်ဆင်နေကြသည်။

ရေကာတာ တည်ဆောက်လျှင် ငလျင် လှုပ်စေခြင်း၊ ရေလှောင်ကန်များတွင် ဓါတ်ရောင်ခြည် ထွက်ခြင်းနှင့် ရေကာတာများရှိ ငါးများအား မျိုးသုဉ်းခြင်း စသည့် ထိတ်လန့်ဖွယ် ကောလာဟာလ များကို ကျယ်ပြန့်စွာ ဖြန့်ချိသောကြောင့် ပြည်သူများသည် ကာလာတာရှည်တွင် ဆည်တမံကို ဆန့် ကျင်စိတ်အမြဲရှိနေပြီး ပြည်သူလူထုအတွက် အကျိုးရှိသော ဆည်တမံများ ကဲ့သို့သော ရေထိန်း စီမံကိန်းများ ဆောင်ရွက်ဖို့ ခက်ခဲနေပါသည်။

ယခုအချိန် မြန်မာနိုင်ငံသည် ထိခိုက်မှုပြင်ထန်စွာခံစားနေသည်။ အထူးသဖြင့် ပြည်သူလူထုအတွက် နှစ်နာဆုံးရှုံးမှု တော်တော်များပြားပါသည်။ နိုင်ငံတော်အတွက်နှင့် ပြည်သူများရဲ့ နစ်နာဆုံးရှုံးမှုများကို ဘယ်လို နည်းလမ်းဖြင့် ဖြေလျော့ပေးရမည်ကို စဉ်းစားရပေမည်။

ဗိုလ်ကျ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။