Trending Now

ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ ရွှေသိုက်ကို တရုတ်က ရှာဖွေတွေ့ရှိခဲ့

Spread the love

ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ ရွှေသိုက်ကို တရုတ်က ရှာဖွေတွေ့ရှိခဲ့

EPN
နိုင်ငံတကာ၊ မတ် ၂၅

မကြာသေးမီက တရုတ်နိုင်ငံမှာ တန်ချိန် ၅၀ နီးပါရှိတဲ့ ကြီးမားတဲ့ ရွှေသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိပေါက်ဈေးအရ ကန်ဒေါ်လာ ၃ ဘီလီယံခန့် တန်ဖိုးရှိတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းက ဖော်ပြပါတယ်။

အဲ့ဒီရွှေသိုက်ကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်းဒေါင်းပြည်နယ်အတွင်းက ကျေးလက်ရွာ ရှုဟန်မှာ တွေ့ရှိခဲ့တာလို့ ပြည်နယ်တွင်းထွက် သယံဇာတ ဝန်ကြီးဌာနက ပြောပါတယ်။

“တူးဖော်သူတွေဟာ သိုက်ကိုရှာဖွေဖို့အတွက် မီတာ ၁၄၀၀ အနက်ရှိတဲ့ တွင်းပေါင်း ၂၅၀ ကျော်ကို တူးဖော်ခဲ့ပါတယ်” လို့ ဗျူရိုရှိ အမှတ် ၆ ဘူမိဗေဒတပ်မဟာ လက်ထောက်အကြီးအကဲ ဇောင်မန်လင်း က ပြောပါတယ်။

တရုတ်အစိုးရရဲ့ အကဲဖြတ်ချက်အရ ရွှေသိုက်ဟာ အနည်းဆုံး အနှစ် ၂၀ အတွင်း ရွှေတန်ချိန် ၂၀၀၀ အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Ref; CGTN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။