Trending Now

တာလောကြီး – ဝိုင်းမော် ဆက်သွယ်ထားသည့် လမ်းပိုင်းအား ပြုပြင်ပေးရန် ဒေသခံများ လိုလား

Spread the love

တာလောကြီး – ဝိုင်းမော် ဆက်သွယ်ထားသည့် လမ်းပိုင်းအား ပြုပြင်ပေးရန် ဒေသခံများ လိုလား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာနှင့် ဝိုင်းမော်မြို့သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းအား သက္ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဌာနများမှ အရေးတကြီး ဆောင်ရွက်ပေးရန် တာလောကြီး‌ေကျးရွာ ဒေသခံများက လိုလားနေကြသည်။

တာလောကြီးကျေးရွာနှင့် ဝိုင်းမော်မြို့တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် မိုးတွင်းကာလ၌ ကားဆိုင်ကယ် သွားလာရန် လမ်းများပျက်စီးနေ၍ တစ်နာရီအတွင်း ရောက်ရမည့်လမ်းအား သုံးနာရီ နီးပါး ခက်ခဲစွာ မောင်းနှင်နေရကြောင်း တာလောကြီးကျေးရွာနေ ပြည်သူတစ်ဦးက ဆိုသည်။

” တာလောကြီး ဝိုင်းမော်လမ်းကတော့ ပျက်စီးနေတယ်။ တာလောကြီးကနေ ရွှေညောင်ပင် ‌ရွာဟောင်းအထိ ကားဆိုင်ကယ်သွားလာဖို့ မိုးတွင်းကာလမှာ အဆင်မပြေဘူး။ ဒေသခံတွေ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအတွက် အဆင်ပြေအောင် ယာယီ သဲကျောက်ခင်းပေးတာတို့ လုပ်ပေးစေချင်တယ် ” ဟု ၎င်းကရှင်းပြသည်။

တာလောကြီးမှ ရွှေညောင်ရွာဟောင်းအထိ (၁၄) မိုင်ကျော်ရှိပြီး အဆိုပါ (၁၄) မိုင် လမ်းပိုင်းသည် မိုးများအဆက္မပြတ် ရွာသွန်းခဲ့သည့်အတွက် လမ်းပေါ်တွင် ရွှံ့ဗွက်များကြောင့် သွားလာရန် ခက်ခဲ နေကြောင်း သိရသည်။

ယင်းလမ်းပိုင်းအား အဓိကထား အသုံးပြုနေရသည့် တာလောကြီးနာရေးကူညီမှု အသင်းအနေဖြင့် မိုးတွင်းကာလ ၌ လမ်းများပျက်စီးနေ၍ အရေးပေါ် လူနာပို့ဆောင်မှုအပိုင်းတွင်လည်း ကြန့်ကြာမှု များရှိ‌၍ အချိန်မီ ပို့ဆောင်ပေးရမည့် လူနာများ အသက်ဆုံးရှုံးမှု အပိုင်းများနှင့် ကြုံတွေ့ခဲ့ရကြောင်း တာလောကြီးနာရေးလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ထည့်သွင်းပြောသည်။

” ဒီလမ်းပိုင်းက မိုးတွင်းမှာဆို ဘယ်လိုမှ အဆင်မပြေဘူးပေါ့။ ဆိုင်ကယ်တောင် မနည်းသွားရတာ။ ကျွန်တော်တို့ လူနာတင်ယာဉ်ဆို ပိုလို့ဆိုးတာပေါ့။ အရေးပေါ် လူနာပို့ရမယ်ဆို အချိန်ကြန့်ကြာလို့ မလိုလားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့တယ် ” ဟု ယင်းကပြောသည်။

အဆိုပါ လမ်းပိုင်းတွင် တာလောကြီး၊ မြစ်ကြီးနား ပြေးဆွဲနေသည့် ယာဉ်လိုင်းကားများ၊ ငှက်ပျောကားများ ပွင့်လင်းရာသီကာလတွင် နေ့စဉ်သွားလာနေသည့် လမ်းပိုင်းတစ်ခုလည်း ဖြစ်သည်။

နှစ်စဉ် မိုးတွင်းကာလတွင် အဆိုပါလမ်းပိုင်သည် မိုးများရေကြီး၍ လမ်းများပျက်စီးမှုရှိသောကြောင့် ဒေသခံ ပြည်သူများ၏ အလှူငွေဖြင့် တစ်ပိုင်တနိုင် သဲကျောက်ခင်းခြင်းများ ပြုလုပ်ခြင်းရှိသကဲ့သို့ သက်ဆိုင်ရာ ကျေးလက် ဦးစီးဌာနမှလည်း လမ်းပြုပြင်ပေးမှုများ၊ သဲကျောက်ခင်းခြင်းများကိုလည်း ပြုလုပ်ပေးထားကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။