Trending Now

ပါကစ္စတန်ရဲ့ သရက်သီးပို့ကုန် ယခုနှစ် ၅၀ ရာခိုင်နှုန်းခန့်ကျဆင်း

Spread the love

ပါကစ္စတန်ရဲ့ သရက်သီးပို့ကုန် ယခုနှစ် ၅၀ ရာခိုင်နှုန်းခန့်ကျဆင်း

EPN
နိုင်ငံတကာ၊ မေ ၂၆

ပါကစ္စတန်ရဲ့ ပြည်ပ သရက်သီးပို့ကုန်ဟာ ယခုနှစ်အတွက် ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ ပါကစ္စတန် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ အကြီးအကဲက ပြောပါတယ်။

နိုင်ငံအတွင်း ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်မားမှုနဲ့ ရေပြတ်တောက်မှုတွေကြောင့် သီးနှံတွေကို ဆိုးရွားစွာ ထိခိုက်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ အခုနှစ် အပူချိန်ဟာ ၅၀ ဒီဂရီစင်တီဂရိတ် ကျော်အထိ မြှင့်တက်ခဲ့ပြီး ယခုလအတွင်းမှာပဲ ပြင်းထန်တဲ့ အပူလှိုင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။

အခုနှစ် နွေဦးရာသီရဲ့ ပြင်းထန်တဲ့အပူချိန် နဲ့ ရေပြတ်လပ်မှုတွေက သရက်ခြံတွေကို များစွာကိုထိခိုက်စေခဲ့ပြီး ယခုနှစ် သရက်သီးထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း ကျဆင်းစေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုတွေ နဲ့ အပူဒဏ်ကြောင့် ဒေသတွင်း လူဦးရေ တစ်ဘီလီယံကျော်ဟာ ဘေးအန္တရာယ် ကြုံတွေ့နေရတယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာ့ပဉ္စမမြောက် သရက်သီးအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

ပါကစ္စတန်ရဲ့ ပျမ်းမျှသရက်သီးထွက်ရှိမှု တန်ချိန်ဟာ ၁ ဒသမ ၈ သန်းနီးပါးရှိပေမယ့် ဒီနှစ်မှာတော့ ထက်ဝက်ခန့်သာ တင်ပို့နိုင်ဖွယ်ရှိပြီး ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက တန်ချိန် ၁၂၅,၀၀၀ ကနေ တန်ချိန် ၂၅,၀၀၀ အထိ လျှော့ကျနိုင်တယ်လို့ သိရပါတယ်။

Source – ရိုက်တာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။