Trending Now

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တာတိုပစ်ဒုံးကျည်အများအပြား စမ်းသပ်

Spread the love

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တာတိုပစ်ဒုံးကျည်အများအပြား စမ်းသပ် 
EPN
နိုင်ငံတကာ၊ မေ ၄ 
မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ် ဒုံးကျည်အများအပြား စမ်းသပ်ပြုလုပ်ခဲ့တယ်လို့ တော်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။ 
မြောက်ကိုရီးယားနိုင်ငံဟာ တာတိုပစ် ဒုံးကျည်တွေကို နိုင်ငံအရှေ့ပိုင်း ဟိုဒိုကျွန်းမှာ စမ်းသပ်ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား အကြီးတန်းအရာရှိ တစ်ဦးက ဆိုပါတယ်။
အဆိုပါသတင်းသာ မှန်ကန်ခဲ့ပါက မြောက်ကိုရီးယား နိုင်ငံအနေနဲ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလနောက်ပိုင်း တာတိုပစ်ဒုံးကြည်တွေကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။ 
ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယားနဲ့ ဒုံးကျည်ဖျက်သိမ်းရေးအတွက် ပြုလုပ်တဲ့ အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး အပြီး လပိုင်းအကြာမှာမြောက်ကိုရီးယားဘက်က ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်နေခဲ့ပါတယ်။ 
အဆိုပါထိပ်သီးအစည်းအဝေးပွဲဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထ ရမ့်ကြား တိကျတဲ့ သဘောတူညီမှု မရဘဲ ပြီးဆုံးခဲ့ပါတယ်။
—————————————

EPN





 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။