Trending Now

မြန်မာနဲ့ ရုရှားတို့ ၂၀၂၄ ခုနှစ်အတွင်း ပူးတွဲစစ်ရေးလှုပ်ရှားမှု ၅၀ ကျော်ပြုလုပ်ရန် စီစဉ်

Spread the love

မြန်မာနဲ့ ရုရှားတို့ ၂၀၂၄ ခုနှစ်အတွင်း ပူးတွဲစစ်ရေးလှုပ်ရှားမှု ၅၀ ကျော်ပြုလုပ်ရန် စီစဉ်

EPN
နိုင်ငံတကာ၊ မတ် ၂၈

မြန်မာနဲ့ ရုရှားတို့ဟာ ယခုနှစ်အတွင်း ပူးတွဲစစ်ရေးလှုပ်ရှားမှုပေါင်း ၅၀ ကျော်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန RIA Novosti က ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဒီနေ့ ဖော်ပြခဲ့ပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ တိုက်ခိုက်ရေးသင်တန်းတွေ ပါဝင်မယ်လို့ သိရပါတယ်။

ရုရှား-မြန်မာ နှစ်နိုင်ငံဟာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ်နှစ်စင်းကို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

Su-30 တိုက်လေယာဉ်ခြောက်စင်းကို မြန်မာနိုင်ငံကို ပေးပို့ဖို့အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ စာချုပ်ချုပ်ဆိုခဲ့ကြတယ်လို့ RIA က ပြောပါတယ်။

မြန်မာနိုင်ငံပေါ် ရုရှားရဲ့ ထောက်ခံမှုဟာ လက်ခံနိုင်ဖွယ်မရှိသလို မတည်မငြိမ်ဖြစ်နေချိန်မှာ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာဟာ ပဋိပက္ခကို မီးထိုးပေးနေတာဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

ref; Bangkokpost


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။