Trending Now

လက်ဘနွန်အကျဉ်းထောင်က အကျဉ်းသား ၂၆ ဦး ထွက်ပြေးလွတ်မြောက်

Spread the love

လက်ဘနွန်အကျဉ်းထောင်က အကျဉ်းသား ၂၆ ဦး ထွက်ပြေးလွတ်မြောက်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀

လက်ဘနွန်းအကျဉ်းထောင်ကနေ ယမန်နေ့ နံနက်ပိုင်းက အကျဉ်းသား ၂၆ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူတို့ထဲက ၈ ဦးကို ညနေပိုင်မှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံအနောက်ပိုင်း ဘီကာဒေသ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားသူ အများစုဟာ မှုးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်ဖောက်ကားမှုဖြင့် စွဲချက်တင်ခံထားရသူတွေ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အကျဉ်းသားတွေဟာ လေဝင်လေထွက် ပြတင်းပေါက်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး သူတို့ထဲက ၈ ဦးကို ညနေပိုင်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပေမယ့် ကျန်လူတွေကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

လက်ဘနွန်းနိုင်ငံရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်း ဆင်းရဲတွင်းထဲကျရောက်နေချိန်မှာ ရားဥပဒေအရာရှိတွေရဲ့ လစာတန်ဖိုး သိသိသာသာ ကျဆင်းလာပြီးနောက်ပိုင်း အကျဉ်းထောင်က ထွက်ပြေးလွတ်မြောက်မှုတွေ သိသိသာသာ မြှင့်တက်လာနေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
XinHua
Ref; 26 prisoners escape from jail in Lebanon

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။