Trending Now

မိုးကောင်း – မြစ်ကြီးနား မီးရထား ပြန်လည်ပြေးဆွဲရန် မီးရထားတာဝန်ရှိ အဖွဲ့အစည်းများက ရထားသံလမ်းများ ပြုပြင်ဆောင်ရွက်နေ

Spread the love

မိုးကောင်း – မြစ်ကြီးနား မီးရထား ပြန်လည်ပြေးဆွဲရန် မီးရထားတာဝန်ရှိ အဖွဲ့အစည်းများက ရထားသံလမ်းများ ပြုပြင်ဆောင်ရွက်နေ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၅

မိုးကောင်း – မြစ်ကြီးနား မီးရထား ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများက ရထားသံလမ်းများ ပြုပြင်ခြင်း၊ ခြုံနွယ်သစ်ပင်များ ရှင်းလင်းပေးခြင်း လုပ်ငန်းများကို ပြုလုပ်နေကြောင်း မြန်မာ့မီးရထားအဖွဲ့ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

နိုင်ငံရေး ပဋိပက္ခ ပြသနာများကြောင့် မြစ်ကြီးနား – မန္တလေး ပြေးဆွဲနေသည့် မီးရထားလမ်းပိုင်းအား နှစ်နှစ်ကျော် ပြေးဆွဲခြင်း မရှိသည့်အတွက် လက်ရှိ အချိန်တွင် ရထားသံလမ်းများ ပျက်စီးခြင်း၊ ရထားသံလမ်း တံတားများ ပျက်စီး‌ေနခြင်းတို့အပြင် ခြုံနွယ်သစ်ပင်များ ရှင်းလင်းခြင်း ကဏ္ဍတို့ကို ပြုပြင်လုပ်ဆောင်နေကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဇွန်လ ၂၄ ရက်နေ့ကစပြီး ရထားလမ်းပိုင်းမှာရှိတဲ့ သစ်ပင်ခြုံနွယ် ရှင်းလင်းပေးတာတွေ၊ ပျက်စီးမှုရှိတဲ့ ရထား းသံလမ်းတံတားတွေကို ကောင်းမွန်ဖို့အတွက် အသစ်ပြုပြင် အစားထိုးတာတွေ လုပ်ဆောင်နေတယ် ” ဟု ၎င်းကရှင်းပြသည်။

မိုးကောင်း – မြစ်ကြီးနား မီးရထား ပြန်လည်ပြေးဆွဲပေးနိုင်ရန်အတွက် တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း လုပ်ငန်းများကို အကောင်ထည်ဖော် လုပ်ဆောင်နေကြောင်း သိရပြီး၊ ရထားလမ်းပိုင်းများ ပြုပြင်ပြီးစီးပါက မိုးကောင်း – မြစ်ကြီးနား မီးရထားအား ပြန်လည်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးရထား ပြေးဆွဲမှုအပိုင်းတွင် မိုးကောင်း – မြစ်ကြီးနား – မိုးကောင်းသို့ ခေါက်ပြန် ပြေးဆွဲသွားမည်ဖြစ်ပြီး၊ ရထားစီးခနှုန်းထားအနေဖြင့် အနည်းဆုံး သက်သာသည့် ဈေးနှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှ အခြေခံ လူတန်းစားများအတွက် သွားလာမှု အဆင်ပြေ၊ ဈေးနှုန်း သက်သာစေရန် မိုးကောင်း – မြစ်ကြီးနား ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲပေးခြင်းသည် ကောင်းမွန်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း မြစ်ကြီးနားမြို့နေသူ တစ်ဦးက သုံးသပ်ပြောသည်။

” ဘယ်လိုပဲဖြစ်ဖြစ် မိုးကောင်း – မြစ်ကြီးနားဆိုလည်း သွားစရာရှိရင်တော့ ရထားနဲ့ပဲ သွားချင်တယ်။ အန္တရာယ်ကင်းတာပေါ့။ အခုချိန်က လမ်းမှာ စိတ်မချရဘူး။ အကုန်လုံးကို ကြောက်နေရတာ။ ရထားနဲ့ဆို အန္တရာယ်လည်းကင်း ဈေးနှုန်းလည်း သက်သာတာပေါ့ ” ဟု ၎င်းကပြောသည်။

မိုးကောင်း – မြစ်ကြီးနား မီးရထား ပြန်လည် ပြေးဆွဲပေးရန်အတွက် ဇွန်လ (၂၄) ရက်နေ့က တာဝန်ရှိ အဖွဲ့အစည်းများက မီးရထားများ စမ်းသပ်မောင်းနှင်ခြင်း၊ ရှန်တိန်ပြုလုပ်ခြင်တို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။