Trending Now

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သားဖြစ်သူ သေနတ်ပြစ်မှုနဲ့ စွဲချက်တင်ခံရ

Spread the love

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သားဖြစ်သူ သေနတ်ပြစ်မှုနဲ့ စွဲချက်တင်ခံရ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟမ်းတာဘိုင်ဒင်ဟာ သေနတ်ပြစ်မှုသုံးခုနဲ့ ကြာသာပတေးနေ့က စွဲချက်တင်ခံခဲ့ရတယ်လို့ ကျိုဒိုသတင်းက ဖော်ပြထားပါတယ်။

ဒီမှုခင်းဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတရဲ့ကလေးဖြစ်သူကို တရားစွဲဆိုမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ကို သားဖြစ်သူရဲ့ နိုင်ငံရပ်ခြားစီးပွားရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေချိန်မှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၅၃ နှစ်အရွယ် ဟမ်းတာဘိုင်ဒင်ကို စွဲဆိုထားတဲ့ စွပ်စွဲမှုသုံးမှုထဲက နှစ်မှုဟာ ၂၀၁၈ ခုနှစ်က ဒလာဝဲ မှာ ခြောက်လုံးပြူသေနတ်ဝယ်ယူခဲ့စဉ် မဟုတ်မမှန်တဲ့ ထွက်ဆိုချက်တွေ ပြုလုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။

တတိယအမှုကတော့ မူးယစ်ဆေးသုံးစွဲနေစဉ် သေနတ်ကိုင်ဆောင်ခဲ့တယ်လို့ အမေရိပြည်ထောင်စု ပြည်နယ် ဖက်ဒရယ်တရားရုံးကို ကြီးကြပ်ကွပ်ကဲနေတဲ့ အထူးအကြံပေးတစ်ဦးက တင်သွင်းတဲ့ စွဲချက်ဖြစ်ကြောင်း သိရပါတယ်။

ဂျိုးဘိုင်ဒင်ကို အောက်လွတ်တော်ဥက္ကဌက စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေသလို ဘိုင်ဒင်ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ ဟမ်းတာဘိုင်ဒင်ဟာလည်း ဖခင်က ပြန်လည်ရွေးကောက်ခံဖို့ မဲဆွယ်စည်းရုံးနေချိန်အတွင်း ရုံးတင်စစ်ဆေးခံရနိုင်တယ်လို့ သိရပါတယ်။

ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ဟာလည်း ပြည်နယ်နဲ့ ဖက်ဒရယ်အဆင်မှာ စုစုပေါင်း ရာဇဝတ်မှု ၉၁ မှုနဲ့ ရင်ဆိုင်နေရချိန်ဖြစ်တာကြောင့် လာမယ့် သမ္မတရွေးကောက်ပွဲဟာ မကြုံးစဖူးပြိုင်ပွဲတစ်ခုဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref; kyodonews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။