Trending Now

မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း  AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန် ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း  AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ဧပြီလ ၂(၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း  AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန် ကို မတ်လ ၂၉ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် နန့်ရင်းကျေးရွာ တောလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၃ စီးနှင့် YANG FOND ၆ ဘီး မော်တော်ယာဉ် ၃ စီးတို့ကို စစ်ဆေးရှာဖွေရာ ဝင်းဇော်၊ ထက်ဝေမိုး၊ ဇော်လင်းထွန်း၊ ညီလင်းအောင်၊ ဝေယံမြင့်၊ ငြိမ်းချမ်း၊ နန်အောင်၊ သန့်ဇင်ဦး နှင့် သောင်းဟန်ငြိမ်းတို့ ၉ ဦးအား ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တရားခံများကို ဥပဒေအရ အရေးယူထားလျက်ရှိပြီး၊ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။