Trending Now

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ၊ တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမည်

Spread the love

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ၊ တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမည်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၆

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးဆောင်ကော်မတီ ထုတ်ပြန် ချက်အရ သိရသည်။

ရောက်ရှိလာသည့် လျပ်စစ်ကားများသည် လျပ်စစ်ကားတင်သွင်းရန် ခွင့်ပြုထားသည့် ကုမ္ပဏီ ၂၆ ခုအနက် ကုမ္ပဏီ ၂ ခုမှ ပထမဆုံးတင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model ဖြစ်ကြောင်း သိရသည်။

အဆိုအပါ ရောက်ရှိလာသည့် လျှပ်စစ်ကားများအနက် ရန်ကုန်လေဆိပ်ကို အခြေပြု၍ တက္ကစီ ၁၀၊ နေပြည်တော်သပြေကုန်းဈေးကို အခြေပြု၍ တက္ကစီ ၁၀ စီး စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အများသုံး Level-3 အဆင့် လျှပ်စစ်ကားအားသွင်းရုံ (Charging Station) များကိုပါ တည်ဆောက်ရန် ကော်မတီက ညွှန်ကြားထားသည့်အတွက် နေပြည်တော်တွင် လျှပ်စစ်ကားအားသွင်းရုံများ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

ကေကေ
Photo – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။