Trending Now

နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော် ဖမ်းဆီးရမိ

Spread the love

နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော် ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊မတ်လ ၂၈(၂၀၂၄)

ရှမ်းပြည်နယ် (မြောက်ပိုင်း )၊နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကျော်ကို မတ်လ ၂၆ ရက်နေ့၊ ညနေ ၅နာရီ အချိန်က ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နောင်ချိုမြို့နယ်၊ ဒုဌ၀တီတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ဟန်နု မောင်းနှင်ပြီး မဖော်လွန်ကိုင်နူး လိုက်ပါလာသည့် TOYOTA NOAH အမျိုးအစား မော်တော်ယာဉ်အား မူးယစ်သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၅၁၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဟန်နု (၆၀)နှစ်နှင့် မဖော်လွန်ကိုင်နူး (၄၄)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။