Trending Now

ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ကို ချိူးဖောက်သည် ဟုဆိုကာ တစ်လကျော်အတွင်း လူ ၄၀ ကျော် ဖမ်းဆီးခံ ထားရ

Spread the love

ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့်ကို ချိူးဖောက်သည် ဟုဆိုကာ တစ်လကျော်အတွင်း လူ ၄၀ ကျော် ဖမ်းဆီးခံ ထားရ

EPN
ပုသိမ်၊ စက်တင်ဘာ ၊ ၈

ဧရာဝတီတိုင်းဒေသကြီးတွင် ညမထွက်ရအမိန့်ကို ချိုးဖောက်သည်ဟုဆိုကာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ ဖမ်းဆီးခံထားရသည့် ဒေသခံ ၄၂ ဦးရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အချိန်ကို ယခင်က ည ၈ နာရီမှ နံနက် ၄ နာရီအစား ည ၁၀ နာရီမှ နံနက် ၄ နာရီအဖြစ် ဇွန် ၁၅ ရက်မှ စတင်ကာ ပြောင်းလဲသတ်မှတ်ထားခြင်းဖြစ်သော်လည်း အချိန်မတိုင်ခင် ဖမ်းဆီးခံရမှုများရှိနေကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

“မနက်အလုပ်ဆင်းတဲ့အခါ အလုပ်ကို ထည့်သွားဖို့ ဈေးဆိုင်မှာ လိုအပ်တာ လေးတွေကို အိမ်အပြင်ဘက် ထွက် ဈေးဝယ်တာကို ညမထွက်ရအမိန့် ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံရတာတွေများတယ်၊ အဖမ်ခံရတာတွေ မနည်းတော့ဘူး တစ်လအတွင်းမှာ ဆိုရင်တော့ အဖမ်းခံရသူ ၄၀ ကျော်နေပြီ အမျိုးသမီးတွေ လည်းပါတယ် ၊သက်ဆိုင်ရာက လှည့်ကင်း ပတ်ကင်းတွေလုပ်ရင်း ဖမ်းဆီးတာ။”ဟု မအူပင်မြို့ခံ အဖမ်းခံရသူများနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် ပုသိမ်မြို့မှ ၄ ဦး၊ ဟင်္သာတမြို့နယ်မှ ၃ ဦး၊မအူပင်မြို့မှ ၃ ဦး၊ ဖျာပုံမြို့မှ ၆ ဦး၊ မြောင်းမြမြို့မှ ၄ ဦး လပွတ္တာမြို့မှ ၄ ဦး၊ ပန်းတနော်မြို့မှ၂ ဦး၊ ဇလွန် မြို့မှ ၄ ဦး ၊ ကြံခင်းမြို့မှ ၃ ဦး ၊အင်္ဂပူမြို့မှ ၂ ဦး၊ ငပုတောမြို့မှ ၃ ဦး ၊ ဝါးခယ်မမြို့မှ ၂ ဦး ၊ ကျုံပျော်မြို့မှ၂ ဦးတို့ဖြစ်ကြောင်း အဖမ်းခံရသူများအား ကူညီပေးနေသူများထံမှ သိရသည်။

” ဖမ်းခံရသူတွေက အကြောင်း ကိစ္စရှိလို့ ညဘက်ထွက်တာဆိုတာကို ရှင်းပြပြောဆိုခွင့်မရပဲ အဖမ်းခံရတာပါ ၊ အဖမ်းခံရသူ အားလုံးနီးပါဟာ တကယ်အပြင်ထွက်လို့ အဖမ်းခံရတာ ဆိုရင်တောင် သတ်မှတ်ထားတဲ့ ညအချိန်တွေကို ကျော်လို့ အဖမ်းခံရတာ မဟုတ်ပါဘူး ၊ မတရားခံရတာကိုသိတယ် ၊ အတတ်နိုင်ဆုံးတော့ အကူအညီပေးနေတယ် ၊ ကင်းလှည့် နေတဲ့ညအချိန် တွေမှာ ကိုယ့်အိမ်ရှေ့ အမှိုက်ကောက်နေ တာတွေ့ရင် တောင်ဖမ်းဆီးတာရှိတယ်။ ဥပဒေနဲ့အညီဖြစ်စေဖို့ အတတ်နိုင်ဆုံးကူညီပေးနေပါတယ်။”ဟုအဖမ်းခံရသူ များကိုကူညီပေးနေသူတစ်ဦးကပြောသည်။

ညမထွက်ရ အမိန့် ချိုးဖောက်သည်ဟုဆိုကာ အဖမ်းခံရ သူများတွင် အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃၃ ဦးဖြစ်ပြီး လူလတ်ပိုင်းနှင့် လူငယ်ပိုင်းအရွယ်ဖြစ်ပြီး ၎င်းတို့ကို သက်ဆိုင်ရာ ရဲစခန်းများတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။