Trending Now

၇နှစ်အရွယ် မိန်းကလေးငယ်အား သားမယားပြုကျင့်ရန် ကြိုးစားသည့် ၁၆ နှစ်အရွယ်ကောင်လေးအား ဥပဒေအရ အရေးယူ

Spread the love

၇နှစ်အရွယ် မိန်းကလေးငယ်အား သားမယားပြုကျင့်ရန် ကြိုးစားသည့် ၁၆ နှစ်အရွယ်ကောင်လေးအား ဥပဒေအရ အရေးယူ

EPN
မိုးညှင်း၊ မေ ၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ရွာသစ်ကျေးရွာတွင် ယမန်နေ့က ခြံဝင်းတစ်ဝင်းတည်း အတူနေထိုင်ကြသည့် ၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ၁၆နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှ သားမယားပြုကျင့်ရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ဖြစ်ပွားခဲ့သဖြင့် အဆိုပါကောင်ကလေးအား အရေးယူနိုင်ရေး အတွက် မိန်းကလေးငယ်၏ မိခင်ဖြစ်သူက မိုးညှင်းမြို့မရဲစခန်းသို့ ယနေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

သားမယားပြုကျင့်ရန် ကြိုးစားအားထုတ်ခဲ့သူမှာ အဆိုပါ မိန်းကလေးငယ် ၏ ဖခင်ဖြစ်သူဘက်မှ တူတော်စပ်သည့် အသက် ၁၆ နှစ်အရွယ်ရှိ ယောက်ျားလေး တစ်ဦးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းအား မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ အခင်းဖြစ်ပွားစဉ် ဝတ်ဆင်ထားခဲ့သည့် နှစ်ဘက်အဝတ်အစားများကို သက်သေအဖြစ် သိမ်းဆည်းထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ရွာသစ်ကျေးရွာတွင် နေထိုင်သည့် ၁၆နှစ်အရွယ် အဆိုပါ ကောင်ကလေးအား မိုးညှင်းမြိ့ုမ ရဲစခန်းမှ အမှုကြီး အမှတ်စဉ် ၄၂/၀၂၀ (ပ) ၆/၂၀၂၀ ပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့် ထားကြောင်း သိရှိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။