Trending Now

မုဒုံမြို့၌ ကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ သစ်များဖမ်းဆီးရမိ

Spread the love

မုဒုံမြို့၌ ကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ သစ်များဖမ်းဆီးရမိ

EPN
ရန်ကုန်၊ မေ ၂၉

မွန်ပြည်နယ်၊ မုဒုံမြို့၊ နှင်းစုံကျေးရွာနှင့် အနှင်းကျေးရွာတို့တွင် ကျပ်သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ သစ်များဖမ်း ဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် တရားမ၀င်သစ်များကို သက်ဆိုင်ရာတာ၀န်ရှိသူများမှ နှင်းစုံ-အနှင်းသွားလမ်း၏ အနောက်ဘက်တွင် တရားမ၀င်စုပုံထားသော ပိတောက်သစ်ဆိုဒ်စုံ ၁၂၃ တုံး(၂၈ ဒဿမ ၅ တန်ခန့်) စုစုပေါင်း ကာလတန်းဖိုငွေကျပ် ၉၆၆ သိန်းကျော်တို့အား မေလ ၂၈ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် သိမ်းဆည်းရမိ ခဲ့ခြင်းဖြစ်သည်။

အလားတူပင် သိမ်းဆည်းရမိသည့် တရားမ၀င်သစ်များအား လမိုင်းမြို့ သစ်တောဦးစီးဌာနသို့ လုံခြုံရေးအဖွဲ့ များမှ လွှဲပြောင်းအပ်နှံခဲ့သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။