Trending Now

အရန်တပ်သားဆင့်ခေါ်မှုကို နှစ်ပတ်အတွင်း အဆုံးသတ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ပြော

Spread the love

အရန်တပ်သားဆင့်ခေါ်မှုကို နှစ်ပတ်အတွင်း အဆုံးသတ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ပြော

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၅
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းတိုက်ပွဲအတွက် အရန်တပ်သားစုဆောင်းမှုကို နှစ်ပတ်အတွင်း အဆုံးသတ်သွားမယ်လို့ ကာဇက်စတန်မှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး မနေ့ က ပြောဆိုခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကနဦးရည်မှန်းချက်အဖြစ် သတ်မှတ်ထားတဲ့ အရန်တပ်ဖွဲ့ ၃၀၀,၀၀၀ အနက် အရန်တပ်သား ၂၂၂,၀၀၀ ကို ဆင့်ခေါ်ဖို့ ပြီးခဲ့တဲ့လက ရုရှားသမ္မတ ပူတင်က အမိန့်ပေးခဲ့တာပါ။

လက်ရှိဆင့်ခေါ်ထားတဲ့ အရန်တပ်ဖွဲ့တွေထဲက စုစုပေါင်း တပ်သား ၃၃,၀၀၀ ကို စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းစေခဲ့ပြီး တပ်သား ၁၆,၀၀၀ ကို တိုက်ခိုက်ဖို၌အတွက် တပ်ဖြန့်ထားတယ်လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

ယူကရိန်းမှာ တိုက်ပွဲဝင်ဖို့ အရန်တပ်သား ဆင့်ခေါ်မှုတွေပြုလုပ်ခဲ့ပြီနောက် ရုရှားနိုင်ငံသား အများအပြားဟာ နိုင်ငံအတွင်းက ထွက်ပြေးခဲ့ကြသလို ရုရှားနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ များပြားလှတဲ့ သဘောထားကွဲလွဲမှုတွေကိုလည်း အဆုံးသတ်သွားဖို့ ရုရှားသမ္မတ ပူတင်က ကတိပြုထားပါတယ်။

အခုသီးတင်းပတ်အတွင်း ရုရှားက ယူကရိန်းနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပစ်မှတ်တွေကို တာဝေပစ်ဒုံးကျည် ၁၀၀ ကျော် နဲ့ တိုက်ခိုက်ခဲ့ပြီး လောလောဆယ်တော့ အဲဒီလို ကြီးမားတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးလို့ လည်း ရုရှားခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ဖျက်စီးတဲ့တာဝန်ကို ရုရှားက သတ်မှတ်ထားတာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာဇက်စတန်မှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါသေးတယ်။

ရုရှားက အရန်တပ်ဖွဲ့ စည်းရုံးသိမ်းသွင်းဖို့ အမိန့်ပေးကတည်းက ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်း မြေပြင်မှာ ဆက်လက်ရှုံးနှိမ့် နေခဲ့သလို တောင်ဘက်မှာရှိတဲ့ ဧရိယာအများအပြားကိုလည်း ဆုံးရှုံးနေခဲ့ပါတယ်။

— ကိုးကား —
ရိုက်တာ
Ref; Putin says Ukraine mobilisation should be finished in two weeks

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။