Trending Now

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တနင်္ဂနွေနေ့က ကွယ်လွန်

Spread the love

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တနင်္ဂနွေနေ့က ကွယ်လွန်

EPN
မြစ်ကြီးနား၊ သြဂုတ် ၉

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့တွင် ဩဂုတ် ၈ ရက်နေ့က ရုတ်တရက် ကွယ်လွန်ခဲ့ကြောင်း ဘေဂျင်းရှိ မြန်မာ နိုင်ငံပိုင် မီဒီယာနှင့် သံတမန် သတင်းရင်းမြစ်များ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးမျိုးသန့်ဖေ ကွယ်လွန်သွားခဲ့ကြောင်း နာရေးကြော်ငြာစာတွင် ဖော်ပြခဲ့သော်လည်း ၎င်း၏သေဆုံးရခြင်းအကြောင်းရင်းကို ဖော်ပြထားခြင်းမရှိပေ။

ဘေဂျင်းမြို့ရှိ သံတမန်များနှင့် တရုတ်ဘာသာဖြင့်ထုတ်ပြန်သည့် မြန်မာမီဒီယာများ၏ ဖော်ပြချက်အရ နှလုံးဖောက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

ဦးမျိုးသန့်ဖေသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ဒေသခံ အရာရှိနှင့် စနေနေ့က တွေ့ဆုံခဲ့ကြောင်း ပြည်တွင်း သတင်းတစ်ရပ်အရ သိရသည်။

ဦးမျိုးသန့်ဖေသည် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခံရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင်လည်း ၎င်း၏ရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။