Trending Now

မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

Spread the love

မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ရပ်ကွက်တွင် ယမန်နေ့ ဖေဖော်ဝါရီလ (၂)ရက်နေ့ ညနေ (၄)နာရီခန့်က မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

နန်ကျင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဧည့်ခန်းအတွင်းရှိ မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုးကျပ်(၃၅)သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း အနီးအနာရှိ ဒေသခံတစ်ဦးကပြောသည်။

“အိမ်ကလူတွေက အပြင်ခဏသွားကြတာ ၊ ပလက်ခုံကနေ လောင်တယ်ပြောတယ်၊ မီးကများတော့ ရပ်ကွက်ကလူတွေ အတော်လေးငြိမ်းလို့ မရခဲ့ဘူး၊ မီးသတ်ကားရောက်လာမှ မီးကို ထိမ်းနိုင်ခဲ့တာ၊ လူတွေ တိရိစ္ဆာန်တော့ ထိခိုက်သေဆုံးတာမရှိဘူး၊ အိမ်ကတော့ မီးထဲ အတော်ပါသွားတယ်” ဟု ၎င်းက ပြောသည်။

ယင်းမီးလောင်မှုကို မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၂)စီး ဖြင့် နာရီဝက်ခန့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အုပ်ညှပ်၊ သွပ်မိုး တစ်ထပ်အိမ် တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ရသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးဂျာယော် ကို ပလန နယ်မြေရဲစခန်းတွင် (ပ)၇/၂၀၂၃ ၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။