Trending Now

တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်နိုင်ငံက သတိပေး

Spread the love

တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်နိုင်ငံက သတိပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

တောင်တရုတ်ပင်လယ်ရဲ့ အချို့နေရာတွေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် စက်တင်ဘာ ၂၈ ရက်နေ့အတွင်း သတ်မှတ်ထားတဲ့အချိန်မှသာ ရေကြောင်းသွားလာမှုပြုလုပ်ဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား တောင်တရုတ်ပင်လယ်ရေပိုင်နက်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေချိန်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ကွမ်တုန်းပင်လယ်ရေကြောင်းဘေးကင်းရေးစီမံခန့်ခွဲမှုရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၆ နာရီကနေ နေ့လည် ၁၁ နာရီအထိ၊ ညနေ ၆ နာရီကနေ ည ၉ နာရီအထိ ရေကြောင်းသွားလာမှုတွေ မပြုလုပ်ဖို့ သတိပေးထားပါတယ်။

“တောင်တရုတ်ပင်လယ်ရဲ့ ရေပိုင်နက်တချို့မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ရေကြောင်းသွားလာမှုကို တားမြစ်ထားပါတယ်” လို့ နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပေမယ့် လေ့ကျင့်ခန်း တည်နေရာ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

အခုသီတင်းပတ်အစောပိုင်းမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ Scarborough Shoal ကျွန်းအနီးမှာ တရုတ်နိုင်ငံက တပ်ဆင်ထားတဲ့ မီတာ ၃၀၀ အရှည်ရှိတဲ့ ရေပေါ်အတားအဆီးတစ်ခုကို ဖြတ်တောက်ခဲ့တဲ့အတွက် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

“ကျွန်တော်ထပ်ပြီး ပြောချင်ပါတယ်။ ဒီကျွန်းစုဟာ တရုတ်နိုင်ငံရဲ့ မွေးရာပါ ပိုင်နက်နယ်မြေဖြစ်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဆိုပါကျွန်းစုဟာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ အဓိကငါးဖမ်းနေရာဖြစ်ပြီး နှစ်ပေါင်းများစွာ ပိုင်ဆိုင်မှုအငြင်းအခုံဖြစ်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားပြီးကတည်းက အဆိုပါကျွန်းစုမှာ ကမ်းခြေစောင့်တပ်ဖွဲ့ ထားရှိခဲ့တာဖြစ်ပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။