Trending Now

မိုးေကာင္းၿမိဳ႕နယ္ကို ငွက္ဖ်ားကူးစက္မႈပေပ်ာက္ေရးအတြက္ စီမံခ်က္ ခ်မွတ္ေဆာင္ရြက္ေနဟု ေဆးရုံအုပ္ႀကီး ေျပာၾကား

Spread the love

မိုးေကာင္းၿမိဳ႕နယ္ကို ငွက္ဖ်ားကူးစက္မႈပေပ်ာက္ေရးအတြက္ စီမံခ်က္ ခ်မွတ္ေဆာင္ရြက္ေနဟု ေဆးရုံအုပ္ႀကီး ေျပာၾကား
EPN
မိုးေကာင္း၊ ေမ ၁၇
မိုးေကာင္းၿမိဳ႕နယ္အတြင္း ျပည္သူမ်ား ငွက္ဖ်ားကူးစက္မႈပေပ်ာက္ေရးအတြက္ စီမံခ်က္ ခ်မွတ္ၿပီး ေဆာင္ရြက္ ေနေၾကာင္း မိုးေကာင္းၿမိဳ႕နယ္ ျပည္သူေဆးရုံအုပ္ႀကီး၊ ၿမိဳ႕နယ္္ျပည္သူ႕က်န္းမာေရးဦးစီးဌာန ေဒါက္တာ ေကာင္းျမတ္စံက ေျပာၾကားသည္။
မိုးေကာင္းၿမိဳ႕နယ္တြင္ ၂၀၁၄ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္း ငွက္ဖ်ားေရာဂါျဖစ္ပြားသူ ၁၉၂၉ ဦးရွိ၍ ငွက္ဖ်ားေရာဂါျဖစ္ပြားမႈနႈန္းမွာ တစ္နွစ္ထက္တစ္နွစ္ပိုမို က်ဆင္းလ်က္ရိွေနျပီး ထို႔အျပင္ ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္တြင္ ေရာဂါျဖစ္ပြားသူ ၇၃ဦးရွိ၍ အဆိုပါ (၅)ႏွစ္အတြင္း ငွက္ဖ်ားေရာဂါေၾကာင့္ ေသဆံုးသူမရွိေၾကာင္း ၎က ဆက္ ေလက္ေျပာၾကားသည္။
“က်ေနာ္တို႔ အရင္က ငွက္ဖ်ားေရာဂါႏွိမ္နင္းဖို႔ျခင္ေတြကို ပစ္မွတ္ထားခဲ့တယ္။ ျခင္ေတြက ေရရွိရာေနရာေတြျဖစ္တဲ့ စိမ့္စမ္းေခ်ာင္း၊ေရဝပ္ၿပီး ေရတင္က်န္တဲ့ ေနရာေတြ(ေရကန္၊ေရအိုင္)၊ ဥယ်ာဥ္ၿခံအတြင္းကေရတြင္းေတြ၊ လက္ယက္တြင္းေတြ၊ ဆည္၊ တမံ၊ ေျမာင္းနဲ႔ေျမာင္းလက္တံေတြ၊ပုဇြန္ကန္၊ ေရခ်ိဳ၊ ေရငံစပ္တဲ့ေနရာအစရွိသျဖင့္ ေနရာတိုင္းမွာေပါက္ဖြားေနေတာ့ ေနရာတိုင္းကိုလိုက္ႏွိမ္နင္း လို႔ မျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္ အခုက ျခင္ကိုပစ္မွတ္မထားေတာ့ဘဲ လူကိုပစ္မွတ္ထားၿပီး ႏွိမ္နင္းမယ္။
ေရာဂါျဖစ္ပြားတယ္လို႔ သံသယရွိသူကိုေတြ႕တာနဲ႔ စတင္ျဖစ္ပြားၿပီး (၂၄) နာရီအတြင္း ေသြးေဖာက္စစ္ေဆး မယ္ ငွက္ဖ်ားေဒသက ျပန္လာသူေတြကို ငွက္ဖ်ား ေသြးေဖာက္စစ္ေဆးေစမယ္။ငွက္ဖ်ား ေတြ႕ရွိလူနာကို စုံစမ္းေမးျမန္းၿပီး ခရီးသြားေဖာ္မိသားစု အိမ္နီးခ်င္းေတြကို ေသြးေဖာက္စစ္ေဆးနိုင္ေရး အကူအညီေပးမယ္ ငွက္ဖ်ားကူးစက္မႈရွိႏိုင္တဲ့ဧရိယာသတ္မွတ္ၿပီး ကူးစက္မဲ့အေျခအေန၊ ဆက္လက္ကူးစက္နိုင္မဲ့ အေျခအေနနဲ႔ သင့္ေလ်ာ္တဲ့ထိန္းခ်ဳပ္ေရးနည္းလမ္းေတြကိုေဆာင္ရြက္မယ္ ေနာက္စဥ္ဆက္မျပတ္ကြင္းဆင္း စုံစမ္းစစ္ ေဆးမယ္။လူထုအတြင္းကို ငွက္ဖ်ားေရာဂါကာကြယ္ေရး အသိပညာတိုးပြားေရး က်န္းမာေရးပညာေပး လုပ္ငန္းေတြကို လုပ္ေဆာင္မယ္” ဟုေဆးရံုအုပ္ႀကီး ေဒါက္တာ ေကာင္းျမတ္စံက ေျပာသည္။
ကခ်င္ျပည္နယ္ရွိ မိုးေကာင္းၿမိဳ႕နယ္ ႏွင့္ၿမစ္ႀကီးနားၿမိဳ႕နယ္မ်ားတြင္ ေဒသတြင္း ငွက္ဖ်ားကူးစက္မႈ ပေပ်ာက္ ေရးစီမံခ်က္မ်ားကို ျပည္ပအဖြဲ႔အစည္းမ်ားျဖစ္သည့္ PSI၊MCC စသည့္ INGO၊ NGO အဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္လ်ွက္ရွိရာ ေဒသ၏ ငွက္ဖ်ားကူးစက္နိုင္မႈ အေျခအေန(Receptivity) ႏွင့္ ငွက္ဖ်ားပိုး သယ္ေဆာင္ထားေသာ လူမ်ား ဝင္ထြက္သြားလာမႈအေျခအေန(Vulnerability) တို႔အေပၚ မူတည္၍ ဆီေလ်ာ္ေသာနည္းလမ္းမ်ားျဖင့္ ေဒသတြင္း ငွက္ဖ်ားေရာဂါ ကူးစက္မႈကို ျပတ္ေတာက္သြားေအာင္ ေဆာင္ရြက္ သြားမည္ဟုလည္း သိရသည္။
“မိုးေကာင္းၿမိဳ႕နယ္အတြင္းကငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈရွိခဲ့တဲ့ ေနရာမွတ္တမ္းေတြအရ နယ္ေျမ (၄၇) ေနရာသတ္မွတ္ၿပီး လူ ႏွစ္ဦးကို ေဆးျခင္ေထာင္တစ္လံုးႏႈန္းနဲ႔ လူဦးေရ (၇၇၇၀၀)ဦးအတြက္ ျခင္ေထာင္ (၃၉၀၅၃)လံုးကို ယခုလအတြင္းမွာဘဲလိုက္လံေဝငွေပးခဲ့ၿပီး ျဖစ္ပါတယ္” ၿမိဳ႕ နယ္က်န္းမာေရးမွဴး အဆင့္(၁)ဦးလႀကံဳဘရန္က ေျပာသည္။
ကခ်င္ျပည္နယ္ တစ္ျပည္နယ္လုံးတြင္ ၂၀၁၂ ခုႏွစ္ မွ ၁၈ ခုႏွစ္အထိ ငွက္ဖ်ားေရာဂါ ျဖစ္ပြားသူ(၁၆၆၄၆၂)ဦး ရွိၿပီး ေသဆုံးသူ (၈၇)ဦးရွိကာ ယင္းထဲမွ ဝိုင္းေမာ္ၿမိဳ႕နယ္သည္ ငွက္ဖ်ားေရာဂါ ျဖစ္ပြားသူအမ်ားဆံုးျဖစ္ေၾကာင္း သိရသည္။
ခ်ိဳေမာင္
—————————————————————-

မိုးကောင်းမြို့နယ်ကို ငှက်ဖျားကူးစက်မှုပပျောက်ရေးအတွက် စီမံချက် ချမှတ်ဆောင်ရွက်နေဟု ဆေးရုံအုပ်ကြီး ပြောကြား

EPN
မိုးကောင်း၊ မေ ၁၇

မိုးကောင်းမြို့နယ်အတွင်း ပြည်သူများ ငှက်ဖျားကူးစက်မှုပပျောက်ရေးအတွက် စီမံချက် ချမှတ်ပြီး ဆောင်ရွက် နေကြောင်း မိုးကောင်းမြို့နယ် ပြည်သူဆေးရုံအုပ်ကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာ ကောင်းမြတ်စံက ပြောကြားသည်။

မိုးကောင်းမြို့နယ်တွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၉၂၉ ဦးရှိ၍ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ်ပိုမို ကျဆင်းလျက်ရှိနေပြီး ထို့အပြင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၇၃ဦးရှိ၍ အဆိုပါ (၅)နှစ်အတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးသူမရှိကြောင်း ၎င်းက ဆက် လေက်ပြောကြားသည်။

“ကျနော်တို့ အရင်က ငှက်ဖျားရောဂါနှိမ်နင်းဖို့ခြင်တွေကို ပစ်မှတ်ထားခဲ့တယ်။ ခြင်တွေက ရေရှိရာနေရာတွေဖြစ်တဲ့ စိမ့်စမ်းချောင်း၊ရေဝပ်ပြီး ရေတင်ကျန်တဲ့ နေရာတွေ(ရေကန်၊ရေအိုင်)၊ ဥယျာဉ်ခြံအတွင်းကရေတွင်းတွေ၊ လက်ယက်တွင်းတွေ၊ ဆည်၊ တမံ၊ မြောင်းနဲ့မြောင်းလက်တံတွေ၊ပုဇွန်ကန်၊ ရေချို၊ ရေငံစပ်တဲ့နေရာအစရှိသဖြင့် နေရာတိုင်းမှာပေါက်ဖွားနေတော့ နေရာတိုင်းကိုလိုက်နှိမ်နင်း လို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် အခုက ခြင်ကိုပစ်မှတ်မထားတော့ဘဲ လူကိုပစ်မှတ်ထားပြီး နှိမ်နင်းမယ်။

ရောဂါဖြစ်ပွားတယ်လို့ သံသယရှိသူကိုတွေ့တာနဲ့ စတင်ဖြစ်ပွားပြီး (၂၄) နာရီအတွင်း သွေးဖောက်စစ်ဆေး မယ် ငှက်ဖျားဒေသက ပြန်လာသူတွေကို ငှက်ဖျား သွေးဖောက်စစ်ဆေးစေမယ်။ငှက်ဖျား တွေ့ရှိလူနာကို စုံစမ်းမေးမြန်းပြီး ခရီးသွားဖော်မိသားစု အိမ်နီးချင်းတွေကို သွေးဖောက်စစ်ဆေးနိုင်ရေး အကူအညီပေးမယ် ငှက်ဖျားကူးစက်မှုရှိနိုင်တဲ့ဧရိယာသတ်မှတ်ပြီး ကူးစက်မဲ့အခြေအနေ၊ ဆက်လက်ကူးစက်နိုင်မဲ့ အခြေအနေနဲ့ သင့်လျော်တဲ့ထိန်းချုပ်ရေးနည်းလမ်းတွေကိုဆောင်ရွက်မယ် နောက်စဉ်ဆက်မပြတ်ကွင်းဆင်း စုံစမ်းစစ် ဆေးမယ်။လူထုအတွင်းကို ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာတိုးပွားရေး ကျန်းမာရေးပညာပေး လုပ်ငန်းတွေကို လုပ်ဆောင်မယ်” ဟုဆေးရုံအုပ်ကြီး ဒေါက်တာ ကောင်းမြတ်စံက ပြောသည်။

ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့နယ် နှင့်မြစ်ကြီးနားမြို့နယ်များတွင် ဒေသတွင်း ငှက်ဖျားကူးစက်မှု ပပျောက် ရေးစီမံချက်များကို ပြည်ပအဖွဲ့အစည်းများဖြစ်သည့် PSI၊MCC စသည့် INGO၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိရာ ဒေသ၏ ငှက်ဖျားကူးစက်နိုင်မှု အခြေအနေ(Receptivity) နှင့် ငှက်ဖျားပိုး သယ်ဆောင်ထားသော လူများ ဝင်ထွက်သွားလာမှုအခြေအနေ(Vulnerability) တို့အပေါ် မူတည်၍ ဆီလျော်သောနည်းလမ်းများဖြင့် ဒေသတွင်း ငှက်ဖျားရောဂါ ကူးစက်မှုကို ပြတ်တောက်သွားအောင် ဆောင်ရွက် သွားမည်ဟုလည်း သိရသည်။

“မိုးကောင်းမြို့နယ်အတွင်းကငှက်ဖျားရောဂါ ဖြစ်ပွားမှုရှိခဲ့တဲ့ နေရာမှတ်တမ်းတွေအရ နယ်မြေ (၄၇) နေရာသတ်မှတ်ပြီး လူ နှစ်ဦးကို ဆေးခြင်ထောင်တစ်လုံးနှုန်းနဲ့ လူဦးရေ (၇၇၇၀၀)ဦးအတွက် ခြင်ထောင် (၃၉၀၅၃)လုံးကို ယခုလအတွင်းမှာဘဲလိုက်လံဝေငှပေးခဲ့ပြီး ဖြစ်ပါတယ်” မြို့ နယ်ကျန်းမာရေးမှူး အဆင့်(၁)ဦးလကြုံဘရန်က ပြောသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ၂၀၁၂ ခုနှစ် မှ ၁၈ ခုနှစ်အထိ ငှက်ဖျားရောဂါ ဖြစ်ပွားသူ(၁၆၆၄၆၂)ဦး ရှိပြီး သေဆုံးသူ (၈၇)ဦးရှိကာ ယင်းထဲမှ ဝိုင်းမော်မြို့နယ်သည် ငှက်ဖျားရောဂါ ဖြစ်ပွားသူအများဆုံးဖြစ်ကြောင်း သိရသည်။

ချိုမောင်
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။