Trending Now

ပူတာအိုခရိုင်အတွင်းရှိ ချို့တဲ့ ရဲမှုထမ်းဟောင်းများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ရိက္ခာလေးမျိုး ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်

Spread the love

ပူတာအိုခရိုင်အတွင်းရှိ ချို့တဲ့ ရဲမှုထမ်းဟောင်းများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ရိက္ခာလေးမျိုး ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်

EPN
ပူတာအို၊ ဇွန် ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များမှ ချို့တဲ့ရဲမှုထမ်းဟောင်းများအား ကိုဗစ်-၁၉ကာလ အတွင်း စားသောက်ရေးအဆင်ပြေစေရန်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အစီအစဉ်ဖြင့် ကျန်းမာရေးစစ် ဆေးပေးခြင်းနှင့် ရိက္ခာအမယ်လေးမျိုး ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်(၉)ရက် နံနက်(၈)နာရီက အမှတ် (၉၂၇)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ချို့တဲ့ရဲမှုထမ်းဟောင်းများအား အမှတ်(၂)တပ်မတော်ဆေးတပ်ရင်း ကုတင်(၂၅)ဆံ့ ဆေးရုံမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပူတာအို အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်လင်းအောင်က ချို့တဲ့ရဲမှုထမ်းဟောင်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျန်းမာရေးမေးမြန်းခြင်း၊ ရိက္ခာအမယ်လေးမျိုး ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ပူတာအိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ပူတာအိုခရိုင် ယာယီရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးလွင်၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မှ တပ်ရင်းမှူး ဗိုလ်မှူး အောင်မိုး၊ အမှတ် (၃၆၉) အမြောက်တပ်မှ တပ်ရင်းမှူး ဗိုလ်မှူး ညီညီစိုးတို့က ချို့တဲ့ရဲမှုထမ်းဟောင်းတစ်ဦးလျှင် ဆန်သုံးပြည် ခုနှစ်ဗူး၊ ဆီ(၂၆)ကျပ်သား ၊ ကုလားပဲသုံးဗူး ၊ ဆားတစ်ထုပ် တို့ကိုလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး အဆိုပါချို့တဲ့ ရဲမှုထမ်းဟောင်းများနှင့် ရိက္ခာများကို ပူတာအိုမြို့နယ်ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ဇော်ဝင်းနှင့် မချမ်းဘော့မြို့နယ် ခေတ္တမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲအုပ်ဇေယျာဦးတို့ ဦးဆောင်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ယာဉ် များဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ချို့တဲ့ရဲမှုထမ်းဟောင်း ပူတာအိုမြို့နယ်မှ(၁၂)ဦး၊ မချမ်းဘော့မြို့နယ်မှ(၁၀)ဦး စုစုပေါင်း(၂၂)ဦး တို့ကို ရက်သတ္တပတ် နှစ်ပတ်အတွက် ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် နောင်မွန်မြို့နယ်တွင် (၅)ဦး၊ ခေါင်လန် ဖူးမြို့နယ်တွင်(၄)ဦး တို့ကိုလည်း သက်ဆိုင်ရာ တပ်များမှ ယနေ့တွင် တစ်ပြိုင်တည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။