Trending Now

အိုင်အက်စ်အဖွဲ့သို့ ပူးပေါင်းရန် အကူအညီပေးခဲ့သည့် ကနေဒါနိုင်ငံသားတစ်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

Spread the love

အိုင်အက်စ်အဖွဲ့သို့ ပူးပေါင်းရန် အကူအညီပေးခဲ့သည့် ကနေဒါနိုင်ငံသားတစ်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၈

ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် နေထိုင်သော ကနေဒါနိုင်ငံသားတစ်ဦးသည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့သို့ ပူးပေါင်းရန် ကနေဒါနိုင်ငံသားများနှင့် အမေရိကန်လူမျိုးများကို ကူညီပေးခဲ့သည့်အတွက် တနင်္လာနေ့တွင် အမေရိကန်ထောင်၌ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

ကနေဒါနိုင်ငံသားတစ်ဦးဖြစ်သည့် အဗ္ဗဒူလာဟီသည် ဆီးရီးယားရှိ လူများကို ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်း အပါအဝင် အကြမ်းဖက် လုပ်ရပ်များကို တိုက်ရိုက် ရန်ပုံငွေ ထောက်ပံ့ခဲ့ကြောင်း အမေရိကန် ရှေ့နေ Randy Grossman က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဗ္ဗဒူလာဟီ ကို ၂၀၁၇ ခုနှစ်တွင် ကနေဒါအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး နှစ်နှစ်အကြာတွင် အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်သမားများအား အထောက်အပံ့ပစ္စည်းများ ပံ့ပိုးပေးခြင်းအတွက် အပြစ်ရှိကြောင်း အဗ္ဗဒူလာဟီက ဝန်ခံခဲ့သည်။

အမေရိကန်နိုင်ငံ ဆန်ဒီယေဂိုတွင် နေထိုင်သည့် မက်ကိန်းဆိုသူက အိုင်အက်စ် နှင့်ပူးပေါင်းရန် အဗ္ဗဒူလာဟီကို ကူညီခဲ့ကြောင်း ဝန်ခံခဲ့သည်။ မက်ကိန်းသည် ၂၀၁၄ ခုနှစ်တွင် ဆီးရီးယား အတိုက်အခံတပ်ဖွဲ့များကို အိုင်အက်စ် တိုက်ခိုက်ရေးသမားများနှင့်အတူ တိုက်ခိုက်နေစဉ် ဆီးရီးယားတွင် သေဆုံးခဲ့သည်။

ယင်းအပြင် နိုင်ငံခြားတိုက်ခိုက်ရေးသမားများ ရန်ပုံငွေရှာဖွေရန်အတွက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း Edmonton ရတနာဆိုင်အား လုယက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ထိုဓားပြမှုကျူးလွန်ပြီး ရက်သတ္တပတ်များအကြာတွင် အဗ္ဗဒူလာဟီသည် မက်ကိန်းဆိုသူထံသို့ ငွေများပေးပို့ကာ ဆီးရီးယားနိုင်ငံသို့ သွားနိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

— ကိုးကား —
အေဘီစီ
Ref; Canadian gets 20 years for recruiting Islamic State fighters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။