Trending Now

ထိုင်ဝမ်အနီးမှာ ပျံသန်းလာတဲ့ တရုတ်ဘက်က ဒရုန်းတွေကို ထိုင်ဝမ်စစ်တပ်က ပထမဆုံးအကြိမ်ပစ်ခတ်

Spread the love

ထိုင်ဝမ်အနီးမှာ ပျံသန်းလာတဲ့ တရုတ်ဘက်က ဒရုန်းတွေကို ထိုင်ဝမ်စစ်တပ်က ပထမဆုံးအကြိမ်ပစ်ခတ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၁

ထိုင်ဝမ်ပိုင်ဆိုင်တဲ့ ကျွန်းစွယ်တွေအနီးမှာ ပျံသန်းလာတဲ့ အမည်မသိ မောင်းသူမဲ့ ဒရုန်းသုံးစင်းကို ထိုင်ဝမ်စစ်တပ်က ပထမဆုံးအကြိမ်ပစ်ခတ် သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မောင်းသူမဲ့လေယာဉ်တွေကို ဘယ်သူက ထိမ်းချုပ်ထားတယ်ဆိုတာ မသိရပေမယ့် တရုတ်ပြည်မကြီးဘက်ကို ပျံသန်းသွားခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းတွေကို တိုက်ရိုက်ပစ်ခတ်ခြင်းမပြုလုပ်မီ သတိပေးမီးတောက်တွေ ပစ်ခတ်ခဲ့ပေမယ့် ပျံသန်းမသွားတာကြောင့် အခုလိုတိုက်ရိုက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ထိုင်ဝမ်ကို ဒရုန်းတွေနဲ့ အကြိမ်ကြိမ် နှောက်ယှက်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်ပြန်မကြီးက အစောပိုင်မှာ ပယ်ချခဲ့ပေမယ့် ” တရုတ်ဒရုန်းတွေဟာ တရုတ်ပိုင်နက်ထဲမှာ ပျံသန်းနေတာပဲ ဘာတွေများ အံ့သြဖို့ကောင်းနေလို့လဲ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့က ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှတ်ချက်တွေကို “မဖိတ်ခေါ်ပဲ လာတဲ့သူတွေကို သူခိုးလို့ ခေါ်တယ်” လို့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ထိုင်ဝမ်နဲ့ တရုတ်ဟာ လက်ရှိအချိန်အထိ ထိုင်ဝမ်ရေလက်ကြားမှာ တင်မာမှုတွေရှိနေဆဲဖြစ်ပါတယ်။

တရုတ်ဘက်ကလည်း လိုအပ်လာပါက အင်းအားသုံးသိမ်းယူမယ်လို့ သတိပေးထားပြီး ထိုင်ဝမ်ဘက်ကလည်း ကျွန်းကာကွယ်ရေးကို မြင့်တင်ဖို့ ပြီးခဲ့တဲ့ သီးတင်းပတ်အစေားပိုင်းမှာပဲ ကာကွယ်ရေးအသုံးစရိတ် ထိုင်ဝမ်ဒေါ်လာ ၅၈၆.၃ ဘီလီယံ (ကန်ဒေါ်လာ ၁၉ ဘီလီယံ) ကိုအဆိုပြုခဲ့ပါတယ်။

Source – bbc

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။