Trending Now

ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)(KNO/KNA)နှင့် ဧရာဝတီ သတင်းဌာနတို့အား ကျေနပ်သည်အထိ လူသိရှင်ကြား ပြန်လည်တောင်းပန်ရန် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သဘောထားထုတ်ပြန်

Spread the love

ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)(KNO/KNA)နှင့် ဧရာဝတီ သတင်းဌာနတို့အား ကျေနပ်သည်အထိ လူသိရှင်ကြား ပြန်လည်တောင်းပန်ရန် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သဘောထားထုတ်ပြန်
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၂
ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)(KNO/KNA)၏ စွပ်စွဲရေးသား ထုတ်ပြန်ချက်နှင့် ဧရာဝတီ သတင်းဌာန ရေးသားဖော်ပြချက်သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ရှမ်းနီတစ်မျိုးသားလုံးကို ထိခိုက် နစ်နာစေသည့်အတွက် ကျေနပ်သည်အထိ လူသိရှင်ကြား ပြန်လည် တောင်းပန်ရန် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)က ဇန်နဝါရီလ ၁၁ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်း သဘောထား ထုတ်ပြန်ချက်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်) (KNO/KNA) ၏(ထုတ်ပြန်ချက်)ပါ စာသားများမှ မတရားစွပ်စွဲပြောဆိုချက်များသည် မိမိတို့ရှမ်းနီအမျိုးသားများတပ်မတော် (SNA)အား ရန်လိုခြင်း၊ စော်ကားခြင်းသာမက ရှမ်းနီတစ်မျိုးသားလုံးအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ပြုမူဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် ဖယ်ဒရယ်အရ တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားများအချင်းချင်းကြားတွင် (လုံးဝမတရားမှုများ) အပေါ်တုံ့ပြန် ကာကွယ်သည်မှလွဲ၍ မည်သည့်အဖွဲ့အစည်းကိုမျှ မတရားပုတ်ခတ်စွပ်စွဲ ပြောဆို ရေးသားခြင်း များ လုံးဝ မရှိခဲ့ကြောင်း၊ ထို့အတူ အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်း တို့ကို မည်သည့် အချိန်အခါမျှ၊ မည်သည့် နေရာတွင်မျှ ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)(KNO/KNA)၏ စွပ်စွဲ ရေးသား ထုတ်ပြန်ချက်သည် မိမိတို့ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ရှမ်းနီတစ်မျိုးသားလုံးကို ထိခိုက်နစ်နာစေ သည့်အတွက် ကျေနပ်သည်အထိ လူသိရှင်ကြား ပြန်လည်တောင်းပန်ရန်နှင့် ယခုကဲ့သို့ ရန်လိုသည့် ထုတ်ပြန်ချက် များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုပျက်ပြားစေသည့် မဟုတ်မမှန် လီဆယ် ရေးသားချက်များအား (လုံးဝ) လုံးဝပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်းနှင့် နောင်တွင် ယခုကဲ့သို့ အဓမ္မထုတ်ပြန်ချက်ကဲ့သို့ အပြုအမူများအား ထိရောက်သည့် တုန့်ပြန်မှုဖြင့် ပြင်းထန်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ဇန်နဝါရီလ ၁၀ရက်နေ့ ရက်စွဲဖြင့် ဟုမ္မလင်းမြို့နယ်၊ နတ်နန်းဖြစ်စဉ်အား မဟုတ်မမှန် လုပ်ကြံ၍ ငွေကြေးမျက်နှာဖြင့် သတင်းမီဒီယာကျင့်ဝတ် ကျင့်ထုံး၊ သတင်းမီဒီယာ ဥပဒေနှင့်မလျော်သော၊ လုပ်ကြံလီဆယ်သော ဧရာဝတီ သတင်းဌာနမှ ရေးသားဖော်ပြချက်သည် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)အား လက်ရှိနိုင်ငံရေး အခြေအနေနှင့် အချိန်ကိုက် သိက္ခာ ကျစေရန်၊ ပျက်စီးစေရန်၊ ရှမ်းနီသစ္စာဖောက်များ၊ အခြားကြေးစားများနှင့် ပူးပေါင်း၍ ထိုးနှက်ရုံသာမက မိမိတို့ ရှမ်းနီအမျိုးသား ပြည်သူလူထု၏ ရိုးသားသော အမူအကျင့်၊ မူလဌာနေသားမဟုတ်သော ရွှေ့ပြောင်းလူထုအပေါ်ထားသည့် မိတ်ဆွေရင်း စေတနာများအား စော်ကားခြင်း၊ ထိခိုက်နစ်နာစေခြင်း၊ သွေးကွဲစေခြင်း၊ အထင်အမြင်လွဲမှားစေခြင်း တို့ကို ဖြစ်ပေါ်စေသည့်အတွက် ဧရာဝတီသတင်းဌာနအား (လုံးဝ)လုံးဝကန့်ကွက် ရှုံ့ချကြောင်း၊ ဧရာဝတီသတင်းဌာန အနေဖြင့် ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အား ကျေနပ်သည်အထိ လူသိရှင်ကြား တောင်းပန်ရန်နှင့် နောင်တွင် ယခုကဲ့သို့ ဆက်လက် ပြုမူစော်ကားနေပါက တရားဥပဒေအရ ထိုက်တန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြင်းထန်စွာသတိပေးလိုက်ကြောင်း ယင်းသဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ မတရားထိုးနှက်လျက်ရှိသော အဖွဲ့အစည်းများမှာ မှန်ကန်သောအခြေအနေ၊ တိကျသောဖြစ်စဉ်များအား အခြေမခံဘဲ မိမိအတ္တနှင့် မသမာသောထောက်ပံ့ငွေကြေးအပေါ် အခြေပြုကြသည့် တဖက်သပ်ကြေးစား အဖွဲ့အစည်း များဖြစ်ကြောင်း၊ ရှေးယခင်မှစ၍ ယနေ့အချိန်ထိ မိမိတို့ ရှမ်းနီမျိုးနွယ် သမိုင်း ကြောင်း တလျှောက် ရှမ်းနီလူမျိုး (ပြည်သူ) များနှင့် ရှမ်းနီနယ်မြေများအား နည်းလမ်းမျိုးစုံဖြင့် မတရား အဓမ္မအနိုင်ကျင့်ခဲ့ကြသော မည်သည့် အဖွဲ့အစည်းကို မဆို လက်မခံဘဲ လုံးဝဆန့်ကျင် ကန့်ကွက်ပြီး တုန့်ပြန်ကာကွယ် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
source : SNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။