Trending Now

ဘက်လိုက်မှုရှိနေရင် WHO မှ နှုတ်ထွက်မယ်လို့ ဘရာဇီးသမ္မတ ခြိမ်းခြောက်

Spread the love

ဘက်လိုက်မှုရှိနေရင် WHO မှ နှုတ်ထွက်မယ်လို့ ဘရာဇီးသမ္မတ ခြိမ်းခြောက်

EPN
နိုင်ငံတကာ၊ ဇွန် ၆

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု နှေးကွေးအောင်မပြုလုပ်မီ ကန့်သတ်ချက်များ ရုတ်သိမ်းမှုအန္တရာယ်နှင့်ပတ်သက် ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဘရာဇီးအစိုးရကို သတိပေးပြီးနောက် သမ္မတ ဂျာဘိုလ်ဆိုနာရိုက ထိုအဖွဲ့မှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်လိုက်သည်။

ဇွန်လ ၄ ရက်က ဘရာဇီးနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုအရေအတွက်က အီတလီနိုင်ငံကို ကျော်တက်သွားခဲ့သော်လည်း သမ္မတ ဘိုလ်ဆိုနာရိုက ကန့်သတ်ချက်အမိန့်များရုတ်သိမ်းရန် ထောက်ခံနေပြီး စီးပွားရေးဆုံးရှုံးမှုများက ပြည်သူများ၏ ကျန်းမာရေးအန္တရာယ်များကို အလေးသာစေဟု ပြောကြားခဲ့သည်။

သမ္မတ ဘိုလ်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကို တုပ်ကွေးအပျော့စားတစ်မျိုးဟု ညွှန်းဆိုပြောကြားခဲ့သည့် ရက် ၁၀၀ ကျော်လွန်ချိန် ယခုအခါ ဘရာဇီးနိုင်ငံ၌ အဆိုပါဗိုင်းရပ်စ်ကြောင့် တစ်မိနစ်လျင် လူတစ်ဉီးသေဆုံးနေ ကြောင်း ဖော်ဟာဒီဆောပေါလို သတင်းစာက ဖော်ပြခဲ့သည်။

ဇွန်လ ၄ ရက်က ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲ အတည်ပြုကူးစက်မှု ၆၀၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး ၂၄ နာရီအတွင်း သေဆုံးသူမှာ ၁၄၃၇ ဉီးရှိလာခဲ့ရာ တတိယနေ့ဆက်တိုက် စံချိန်တင်သေဆုံးမှု ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၃၅၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ရာ အမေရိကန်၊ ဗြိတိန်တို့ ပြီးလျင် ကမ္ဘာပေါ်တွင် အဆိုပါဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု တတိယအမြင့်ဆုံးတိုင်းပြည်ဖြစ်လာခဲ့သည်။

ဘရာဇီးနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်သေဆုံးမှုနှုန်းနှင့် ကူးစက်မှုမြင့်တက်နေလင့်ကစား ကန့်သတ်မှုအ မိန့်များ ဖြေလျော့ရန်ကြိုးပမ်းမှုများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ကန့်သတ်မှုများရုတ်သိမ်းရန် အရေးပါသော စံတစ်ခု မှာ ကူးစက်မှုလျော့နည်းရေးဖြစ်ကြောင်း WHO ပြောရေးဆိုခွင့်ရအမျိုးသမီး မာဂရက်ဟာရစ်က ပြော သည်။

ကိုရို နာဗိုင်းရပ်စ် ကန့်သတ်ချက်များဖြေလျော့ရန် အရေးပါသော စံသတ်မှတ်ချက်ခြောက်ချက်အနက် တစ်ချက်မှာ ကူးစက်မှုကျဆင်းခြင်းဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ၌ ၄င်းက ပြောကြားသည်။

နိုင်ငံရေးအရ ဘက်လိုက်မှုရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါက WHO မှနှုတ်ထွက်ရန် ဘရာဇီးနိုင်ငံက စဉ်း စားမည်ဟု သမ္မတ ဘိုလ်ဆိုနာရိုက ဇွန်လ ၅ ရက်နှောင်းပိုင်းတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

–ကိုးကား–
ရိုက်တာ
Ref; Bolsonaro threatens WHO exit as Covid-19 kills ‘a Brazilian per minute’


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။