Trending Now

ကျိုင်းတုံမြို့နယ်မှာ သားဖြစ်သူ ထွန်ဂျစ်နဲ့ ရိုက်လို့ မိခင်ဖြစ်သူသေဆုံး

Spread the love

ကျိုင်းတုံမြို့နယ်မှာ သားဖြစ်သူ ထွန်ဂျစ်နဲ့ ရိုက်လို့ မိခင်ဖြစ်သူသေဆုံး

EPN
မြစ်ကြီးနား၊ ဇွန် ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်လီကျေးရွာမှာ သားအမိချင်း ရန်ဖြစ်စကားများရာကနေ သားဖြစ်သူက သံထွန်ဂျစ်နဲ့ ခေါင်းကိုနှစ်ချက်ရိုက်လိုက်လို့ မိခင်ဖြစ်သူ သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု မနေ့ ည ၉ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်နာလော (၆၃)နှစ်ဟာ သူ့ရဲ့ သားဖြစ်သူ အားမို(၂၈) နှစ်ကို အလုပ်မလုပ်ဘဲ တစ်နေကုန်အိပ်နေကြောင်းပြောတဲ့အတွက် အားမိုက စိတ်ဆိုးပြီး လယ်ယာမှာ အသုံးပြုတဲ့ သံထွန်ခြင်နဲ့ ဒေါ်နာလော ရဲ့ ဦးခေါင်းနောက်စေ့ကို ၂ ချက်ရိုက်လိုက်ရာ လဲကျသေဆုံးသွားခဲ့တာလို့ သိရပါတယ်။

မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက် အားမိုက လူမှုကူညီရေးအသင်းကို အကူအညီတောင်းခံခဲ့တဲ့အတွက် တိုင်းနေနာရေးကူညီမှုအသင်းက အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ အားမိုး(၂၈) နှစ်အား ကျိုင်းတုံမြို့မရဲစခန်းက သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဝလုံး
Photo – တိုင်းနေနာရေးကူညီမှုအသင်း၊ AungZin Myint

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။