Trending Now

အမှတ် (၁၁)ခြေမြန်တပ်ရင်းမှ အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

Spread the love

အမှတ် (၁၁)ခြေမြန်တပ်ရင်းမှ အင်းတော်ကြီးဒေသတွင် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

EPN
အင်းတော်ကြီး၊ မေ ၁၉

အင်းတော်ကြီးဒေသတွင် COVID-19ကပ်ရောဂါကာလ၌ကာကွယ်ဆေးဖျန်းခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မူများကို အမှတ် (၁၁)ခြေမြန်တပ်ရင်းမှ အရှိန်အဟုန်မြင့်ဆောင်ရွက်နေသည်ဟုသိရသည်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်ပဒဲကျေးရွာ ဓမ္မမဉ္ဇူကျောင်းတိုက်ရှိ ဆရာတော်ဦးသိလာဝံသထံ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း သံဃာတော်များ ရှင်သမဏေများအား ကျန်းမာရေးစောင့်ရှောက်မူများနှင့် COVID-19 ကာကွယ်ဆေးဖျန်းခြင်း တို့ကို ရှေ့တန်းအမှတ် (၁၁)ခြေမြန်တပ်ရင်းမှဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်းဦးစီး၍ ယနေ့ မေလ ၁၉ ရက် ယနေ့နံနက် ၉နာရီအချိန်မှာ သွားရောက်လူဒါန်းဆောင်ရွက်ခဲ့သည်ဟုသိရသည်။

“COVID-19ကာလအတွင်း ဒေသရှိအတွင်းရှိ ကာကွယ်ဆေးဖျန်းခြင်း ကျောင်းတိုက်အတွင်းရှိ ဆရာတော် ရဟန်းသာမဏေများကို လှုဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်း ကျန်းမာရေးအပူချိန်တိုင်းခြင်း သွေးပေါင်ချိန်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းကျန်းမာရေးစောင့်ရှောက်မူများကိုဆက်လျက်၍ုအရှိန်မြင့်ဆောင်ရွက်ပေးနေတယ် “ဟု အမှတ် (၁၁) ခြေမြန်တပ်ရင်းဗိုလ်ကြီးဝေယံကျော်က ပြောသည်။

မေလ ၁၀ရက်နေ့က နန့်မွန်းမြို့ တိုက်နယ်ဆေးရုံရှိလူနာများနှင့်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများနှင့်နန့်မွန်းမြို့ သီရီမင်္ဂလာ ပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း သို့သွားရောက်လှူဒါန်းခြင်း
မေလ ၁၁ရက်နေ့က မိုင်းနောင်ကျေးရွာ ဗောဓိရွှေကျောင်းတိုက် နှင့် မေလ ၁၃ရက်နေ့တွင်းလည်း အင်းတော်ကြီးမြို့ လုံးတုံ ဓမ္မပါလကျောင်းအတွင်း COVID-19 ကာကွယ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း ဆရာတော် သံဃာတော် သာမဏေများအား Mask မတ်များ အင်းအားပြည့် ဗီတာမင် C အာဟာရ အစားများ လှူဒါန်းပေးခြင်း၊ဓမ္မာရုံ ဆွမ်းစားဆောင်၊ ကုဋီ ကျောင်းဆောင်များအား ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် လှူဖွယ်ဝတ္တုများ ဆပ်ကပ်လှူဒါန်းခြင်းများကိုလည်း သွားရောက်လှူဒါန်းဆောင်ရွက်ခဲ့သည်ဟုသိရသည်။

ဆက်လက်၍ နောက်နေ့များတွင်လည်း အင်းတော်ကြီးဒေသရှိ ဘုန်းတော်ကြီးကျောင်းများ ဆေးရုံများ ဈေးများ ရုံးဌာနဆိုင်ရာ ဘာသာရေးအဆောက်ဦးများနှင့်ပြည်သူအကျိုးပြုလုပ်ငန်းများပြုလုပ်သွားမည်ဟုသိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။