Trending Now

ခွကြားတွင် ကျပ်သိန်းသုံးရာနီးပါးတန်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Spread the love

ခွကြားတွင် ကျပ်သိန်းသုံးရာနီးပါးတန်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
EPN
မြစ်ကြီးနား၊ သြဂုတ် ၂၀
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ယမန်နေ့ ည နေ ၅နာရီ အချိန်ခန့်က အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ခွကြားမှ သိန်းသုံးရာနီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့‌ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သတင်းအရ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအနီး၊ မြို့ရှောင်လမ်းတွင် ဇော်ထွန်းဦး (ခ) ဖိုးဇော် စီးနင်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေး ချိန် ၁.၁ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၇၅ သိန်း) ခန့် အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့်ပက်သက်သော ဦးဇော်ထွန်းဦး(၄၅)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။