Trending Now

အိန္ဒိယနိုင်ငံမှ ပြည်နယ် ကျန်းမာရေးဝန်ကြီးဟောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

Spread the love

အိန္ဒိယနိုင်ငံမှ ပြည်နယ် ကျန်းမာရေးဝန်ကြီးဟောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၇

အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရက်ရှ်အမွန်ကာမှာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်က အသက် ၆၈ နှစ်အရွယ် ဒေါက်တာ ဆူရက်ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ကို ဗစ်-၁၉ ကုသရေးဆေးရုံတင်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ကာ ဇူလိုင်လ ၆ ရက်က ဗိုင်း ရပ်စ်ကူးစက်ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။

ဂိုအာပြည်နယ် ဘီဂျေပီပါတီဥက္ကဌဟောင်းနှင့် ဂိုအာပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်း ဒေါက်တာ ဆူ ရက်ရှ်အမွန်ကာ ကွယ်လွန်မှုအတွက် ဝမ်းနည်းမိပါကြောင်း၊ ဂိုအာပြည်နယ်အတွက် ၄င်း၏ဆောင်ရွက်မှုများကို မည်သည့်အခါမျှ မေ့မည်မဟုတ်ပါကြောင်း၊ ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းပါကြောင်း ဂိုအာပြည်နယ် ဝန်ကြီးချုပ် ပရာမွတ်ဆာဝမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

ဒေါက်တာဆူရက်ရှ်မှာ ဂိုအာပြည်နယ်လွှတ်တော်၌ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်တွင် နှစ်ကြိမ် ရွေး ကောက်ခံခဲ့ရသည့်အပြင် ၂၀၀၀ ပြည့်နှစ်တွင် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါက်တာ ဆူရက်ရှ် သေဆုံးမှုကြောင့် ဂိုအာပြည်နယ်တွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ရှစ်ဦး၊ ကူးစက်မှုသစ် ၅၂ မှုနှင့် ကူးစက်လူနာ စုစုပေါင်း ၁၈၁၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

–ကိုးကား–
အိန္ဒိယတူဒေး
Ref; Goa’s former health minister Dr Suresh Amonkar loses battle against Covid-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။