Trending Now

အိန္ဒိယနိုင်ငံမှာ ဆန္ဒပြနေတဲ့လူတစ်စုကို ဓာတ်လိုက်မှုဖြစ်ပွားလို့ ၁၅ ဦး သေဆုံးခဲ့

Spread the love

အိန္ဒိယနိုင်ငံမှာ ဆန္ဒပြနေတဲ့လူတစ်စုကို ဓာတ်လိုက်မှုဖြစ်ပွားလို့ ၁၅ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၁

အန္ဒိယနိုင်ငံမြောက်ပိုင်း အူတာရာခန်းပြည်နယ်က မိလ္လာသန့်စင်စက်ရုံ မှာ ဇူလိုင်လ ၂၀ ရက်နေ့က ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲက လူ ၁၅ ဦးဓာတ်လိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ချာမိုလီခရိုင် မိလ္လာသန့်စင်စက်ရုံ (STP) ရဲအရာရှိတစ်ဦးနဲ့ အစောင့် ၃ ဦးအပါအဝင် အနည်းဆုံး ၁၅ ဦးဓာတ်လိုက် သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း မီးလောင်ဒဏ်ရာရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနေ့ မနက်အစောပိုင်းက ခြံစောင့်အလုပ်သမားတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ဒေသခံလူတစ်စုက ဆန္ဒပြမှုပြုလုပ်ခဲ့ရာက ဓာတ်အားယိုစိမ့်မှုဖြစ်နေတဲ့ လှေကားလက်ရန်းနဲ့ထိတွေ့ပြီး လူသေဆုံးမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

နံနက် ၉ နာရီခွဲအချိန်ခန့်မှာ ဓာတ်လိုက်သေဆုံးသွားတယ်လို့ သံသယရှိတဲ့ ခြံစောင့်အလုပ်သမားရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်မှာ ဒေသခံလူတစ်စုက အလုပ်သမားသေဆုံးမှုကို ကန့်ကွက်ဆန္ဒပြရာကနေ အခင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အား ယိုစိမ့်ရတဲ့အကြောင်းရင်းကို အတိအကျမသိရသေးကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးကာ တစ်ပတ်အတွင်း အစီရင်ခံစာတင်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

NDTV သတင်းချန်နယ်ရဲ့ အဆိုအရ အခင်းမဖြစ်ပွားမီ ချာမိုလီခရိုင် အလက်နန္ဒာမြစ်ကမ်းဘေးက ပီပါကိုတီရွာအနီးမှာ ထရန်စဖော်မာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်က သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို တစ်ဦးလျှင် ရူပီ ၅ သိန်းစီနဲ့ ဒဏ်ရာရှိခဲ့သူတစ်ဦးကို လျော်ကြေးငွေ ၁ သိန်းစီ ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Ref; indianexpress

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။