Trending Now

အမေရိကန် သမ္မတရဲ့ အာရှခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်လာနိုင်

Spread the love

အမေရိကန် သမ္မတရဲ့ အာရှခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်လာနိုင်

EPN
နိုင်ငံတကာ၊ မေ ၁၉

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မနက်ဖြန်လာရောက်မယ့် အာရှခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။

ဘိုင်ဒင်ဟာ မနက်ဖြန် မေလ ၂၀ ရက်နေ့မှာ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံ နှစ်နိုင်ငံကို ငါးရက်ကြာ အလည်အပတ်ခရီး စတင်ရန် စီစဉ်ထားပြီး အမေရိကန်- အာရှ မိတ်ဖက်ဆံဆက်ရေး အားကောင်းလာစေဖို့ ဘိုင်ဒင်အစိုးရအဖွဲ့က မျှော်လင့်ထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆယ်လီဗင် က မြောက်ကိုရီးယားဟာ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ် ကာလတစ်လျှောက်မှာ တာဝေးပစ်ဒုံကျည် ဒါမှမဟုတ် နျူကလီးယားစပ်သပ်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ ၇ ကြိမ်မြောက် နျူကလီးယား စပ်သပ်မှုပြုလုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီးလို့ တောင်ကိုရီးယားရဲ့ အမျိုးသားထောက်လှမ်းရေးအေဂျင်စီက အခိုင်အမာပြောဆိုထားပါတယ်။

ဘိုင်ဒင် တောင်ကိုရီးယားနဲ့ ဂျပန်မှာ ရှိနေစဉ်အတွင်း ဖြစ်လာနိုင်ခြေရှိတဲ့ သမ္မတ လုံခြုံရေး အခြေအနအားလုံးကို ထိမ်းသိမ်းနိုင်ဖို့အတွက် အိမ်ရှင်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်နေတယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေး အရာရှိကဆိုပါတယ်။

အမေရိကန် နဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူးကလီးယားကင်စင်ရေး ဆွေးနွေမှုတွေဟာ ဘိုင်ဒင်အစိုးရ အာဏာရလာပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ တိုးတက်မှုမရှိခဲ့ပဲ ယင်းအစား မြောက်ကိုရီးယားခေါင်းဆောင်က အကြီးစားဒုံးကျည်စမ်းသပ်မှုတွေ ပြန်လည်ပြုလုပ်လာခဲ့တာပါ။

အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် တရုတ်နိုင်ငံကို ယှဉ်ပြိုင်ဖို့ ထွက်ခွာခဲ့တဲ့ အမေရိကန် – အာရှမဟာမိတ်ဆက်ဆံရေး ခရီးစဉ်ဟာ မြောက်ကိုရီးယားရဲ့ ဒုံကျည်စမ်းသပ်မှုတွေကြားမှာ ပျောက်ကွယ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

— ကိုးကား —
Reters – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။