Trending Now

ဦးဖြိုးမင်းသိန်း အပါအဝင် ဗဟိုကော်မတီဝင် (၄) ဦးကို NLD ပါတီက ထုတ်ပယ်

Spread the love

ဦးဖြိုးမင်းသိန်း အပါအဝင် ဗဟိုကော်မတီဝင် (၄) ဦးကို NLD ပါတီက ထုတ်ပယ်

EPN
မြစ်ကြီးနား၊ မတ် ၃

ဦးဖြိုးမင်းသိန်း အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုကော်မတီဝင် (၄) ဦးကို ပါတီက ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ဒီနေ့ မတ်လ ၃ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

NLD ပါတီက ထုတ်ပယ်လိုက်သူတွေဟာ (က) ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ (ခ) ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ (ဂ) ဦးတိုးလွင် (ဗဟိုကော်မတီဝင်)၊ (ဃ) ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်) တို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပါတီဝင်အချို့ဟာ ပြည်သူ့ဆန္ဒသဘောထားကို လေးစားမှုမရှိတဲ့အပြင် ပါတီရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ပြီး ပါတီအမည်နဲ့ အလွဲသုံးစားလုပ်နေတာကို ခိုင်လုံတဲ့ သက်သေရရှိထားတယ်လို့ ဆိုပါတယ်။

သူတို့ကို အရေးယူပေးဖို့ ပါတီ အပတ်စဉ်ပုံမှန်အစည်းအဝေးတွေမှာ တက်ရောက်တဲ့ ဗဟိုကော်မတီဝင်၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ၊ ဗဟိုရေးရာကော်မတီက တင်ပြချက်တွေအရ ပါတီကနေ အပြီးပိုင်ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

သူတို့ကို ပါတီက အပြီးအပိုင် ထုတ်ပယ်လိုက်ပြီဖြစ်တဲ့အတွက် သူတို့ရဲ့ ပြောဆိုဆောင်ရွက်မှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲချုပ်နဲ့ သက်ဆိုင်ခြင်းမရှိတော့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။